ပေါင်ခြံဒဏ်ရာကြောင့် ဒိုင်နမိုဇာဂရက်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဒီဘရိုင်းနား လွဲချော်မည်

ပေါင်ခြံဒဏ်ရာကြောင့် ဒိုင်နမိုဇာဂရက်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဒီဘရိုင်းနား လွဲချော်မည်
Photo: Getty Images
Photo: Getty Images
Published 1 October 2019

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားသည် ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ဒိုင်နမိုဇာဂရက်နှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်ကြောင်း မန်စီးတီးအသင်းက အတည်ပြုခဲ့သည်။

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားသည် ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ဒိုင်နမိုဇာဂရက်နှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်ကြောင်း မန်စီးတီးအသင်းက အတည်ပြုခဲ့သည်။

ဒီဘရိုင်းနားသည် အဆိုပါပေါင်ခြံဒဏ်ရာကို ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် အဲဗာတန် (၁-၃) မန်စီးတီးပွဲတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ဒီဘရိုင်းနားသည် အဆိုပါဒဏ်ရာကြောင့် တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အသင်း၏လေ့ကျင့်ရေးအစီအစဉ်များတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းအနေဖြင့် ဒိုင်နမိုဇာဂရက်နှင့်ပွဲကို ဒီဘရိုင်းနားလွဲချော်မည်ဟု အတည်ပြုခဲ့သော်လည်း မည်မျှအနားယူရမည်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

မန်စီးတီးအသင်း၏ ထုတ်ပြန်ချက်တွင် '' ဒီဘရိုင်းနားအနေဖြင့် မည်မျှအနားယူရမည်ဆိုသည်မှာ ကစားသမား၏ အခြေအနေအပေါ်မူတည်ကြောင်းနှင့် မိမိတို့အနေဖြင့် ကျွမ်းကျင်ဆရာဝန်များနှင့် တိုင်ပင်ကာ ဒီဘရိုင်းနား၏ အခြေအနေကို စောင့်ကြည့်နေကြောင်း'' ပါရှိသည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားသည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးဖန်တီးမှု (၈)ကြိမ်အထိပြုလုပ်ပေးထားသည်။

ဒီဘရိုင်းနားသည် ပြီးခဲ့သည့်ရာသီကလည်း ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲသာ ပါဝင်ကစားနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent