ဘောလုံးပွဲများတွင် ယာယီလူစားလဲခွင့် ပြုရန် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB) စဉ်းစားနေ

ဘောလုံးပွဲများတွင် ယာယီလူစားလဲခွင့် ပြုရန် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB) စဉ်းစားနေ
Photos: Getty Images
Photos: Getty Images
Published 25 September 2019

ယာယီလူစားလဲမှုကို ကစားသမားတစ်ဦး ကွင်းထဲသို့ပြန်လည်ဝင်ရောက်ကစား နိုင်ခြင်း ရှိ၊ မရှိမှုအား ဆေးဝန်ထမ်းအနေဖြင့်  တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ခွင့်ရရန်အတွက် ၁၀ မိနစ်အထိ ခွင့်ပြုသွားဖွယ်ရှိနေသည်။

ဘောလုံးပွဲကစားနေစဉ်အတွင်း ယာယီလူစားလဲခွင့်ပြုရန် စဉ်းစားနေကြောင်း နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB) က  AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ IFAB အနေဖြင့် ဘောလုံးပွဲများတွင် ခေါင်းထိခိုက် ၍ဖြစ်သွားသည့် ဖြစ်စဉ်မျိုး၌ အသင်းတာဝန်ရှိသူများသည် သေချာစဉ်းစားချင့်ချိန်ပြီး စီမံခန့်ခွဲခွင့်ရရှိရန်အတွက် ယင်းဥပဒေကို ပြဋ္ဌာန်းကို စီစဉ်နေခြင်းဖြစ်သည်။ 

ယာယီလူစားလဲမှုကို ကစားသမားတစ်ဦး ကွင်းထဲသို့ပြန်လည်ဝင်ရောက်ကစား နိုင်ခြင်း ရှိ၊ မရှိမှုအား ဆေးဝန်ထမ်းအနေဖြင့်  တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ခွင့်ရရန်အတွက် ၁၀ မိနစ်အထိ ခွင့်ပြုသွားဖွယ်ရှိနေသည်။

လက်ရှိတွင် ယာယီလူစားလဲမှုကို ရပ်ဘီအားကစားနည်း၏ ပြိုင်ပွဲအချို့တွင် ခွင့်ပြုထားပြီး ဖြစ်ပြီး ဦးခေါင်းပိုင်းထိခိုက်မှုနှင့် အချိန်ယူကုသရန်လိုအပ်သည့် လက္ခဏာပြင်းထန်သော ဒဏ်ရာရရှိမှု အခြေအနေမျိုးတွင် ယာယီလူစားလဲခွင့်ရှိကြောင်း သိရသည်။

Most Read

Most Recent