ပေပေအား ပယ်နယ်တီပေးကန်ခဲ့သည့် အူဘာမီယန်းကို အမ်မရီ ချီးကျူး

ပေပေအား ပယ်နယ်တီပေးကန်ခဲ့သည့် အူဘာမီယန်းကို အမ်မရီ ချီးကျူး
Published 24 September 2019

အာဆင်နယ်အသင်းနည်းပြ အမ်မရီက အက်စတွန်ဗီလာအသင်းကို(၃-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းဖော် ပေပေအား ပယ်နယ်တီပေးကန်ခဲ့သည့် တိုက်စစ်မှူး အူဘာမီယန်း၏ဆုံးဖြတ်ချက်ကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။ 

အသက် (၃၀)နှစ်ရှိ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းသည် အာဆင်နယ်အသင်းတွင် ပယ်နယ်တီကန်သွင်းသည့် တာဝန်ပေးအပ်ခံထားရသူဖြစ်ပြီး အဆိုပါပွဲစဉ်တွင်  ပေပေအား အသင်းသစ်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ရန် ပယ်နယ် တီပေးကန်ခဲ့ခြင်းဖြစ်သည်။ 

အမ်မရီက ''ပေပေကို ပယ်နယ်တီပေးကန်ခဲ့တာက သူ့ရဲ့ကြီးကျယ်တဲ့ဆုံးဖြတ်ချက်ပါပဲ။ ပေပေအနေနဲ့ သွင်းဂိုးအတွက် ယုံကြည်မှုပိုရှိလာဖို့ သူက အခွင့်အရေးပေးလိုက်တာပါ''ဟု ဆိုခဲ့သည်။ 

အူဘာမီယန်းသည် အက်စတွန်ဗီလာနှင့်ပွဲတွင် အနိုင်ဂိုးအား ပွဲချိန် (၈၄)မိနစ်၌ ပြစ်ဒဏ်ဘောမှတစ်ဆင့် လှလှပပကန်သွင်းယူခဲ့သည်။ 

Most Read

Most Recent