အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ၌ ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပထမသုံးလပတ်အတွင်း တင်ဒါလုပ်ငန်းစဉ်များ ပြီးပြတ်အောင်ဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် မရှိခဲ့

အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ၌ ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပထမသုံးလပတ်အတွင်း တင်ဒါလုပ်ငန်းစဉ်များ ပြီးပြတ်အောင်ဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် မရှိခဲ့
Published 17 September 2019
စိုးမင်းထိုက်၊ စည်သူ

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင်ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပထမသုံးလပတ်အတွင်း တင်ဒါလုပ်ငန်းစဉ်များကို ပြီးပြတ်အောင်ဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်မရှိခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင်ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၅/၂၀၁၉) ကို စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သော ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန် အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်ကာလဖြစ်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း တင် ဒါလုပ်ငန်းစဉ်များကို ပြီးပြတ်အောင် ဆောင် ရွက်နိုင်ခဲ့သော တိုင်းဒေသကြီး/ပြည်နယ်များ လုံးဝမရှိဘဲ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်သည့် တိုင်းဒေ သကြီးနှင့် ပြည်နယ်လေးခု၊ ဖေဖော်ဝါရီလအ တွင်း သုံးခု၊ မတ်လအတွင်း လေးခု၊ ဧပြီလအ တွင်း လေးခုနှင့် ဧပြီလနောက်ပိုင်းမှသာ စာချုပ်ချုပ်ဆိုလုပ်ငန်းအပ်နှံခြင်းကို ပြီးပြတ် အောင်ဆောင်ရွက်နိုင်သော တိုင်းဒေသကြီး များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။

ထို့အတူ တင်ဒါခေါ်ယူရာတွင် ဧရာဝတီတိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသည် အခြေခံပညာဦးဌာနက ဖြန့်ဝေသည့် Department of Basic Education, MOE School Design ဖြင့် ဆောင် ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင်မူ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ SOP အရ ဒီဇိုင်းကုမ္ပဏီ ၂၂ ခုသို့ လုပ်ငန်းအပ်နှံကာ မြေပြင်တွင် ကွင်းဆင်း၍ Soil Test ပြုလုပ်ခြင်းနှင့် ၎င်း Soil Test အရ  Archi Drawing, Structural Drawing, M&E Drawing နှင့် ဒေသစျေးနှုန်းများအရ ခန့်မှန်းကုန်ကျစရိတ်များကို ပြန်လည်ရေးဆွဲပြုစုပြီး တိုင်းဒေသကြီးတည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီ၏ စိစစ်အတည်ပြုချက်ရယူ၍ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု ငွေစာရင်းပူပေါင်းကော်မတီက ပြောကြားထားသည်။

ထို့ပြင် ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များအရ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင်ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တင်ဒါလုပ်ငန်းစဉ်များကို သတ်မှတ်ညွှန်ကြားချက်အတိုင်း အချိန်မီ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများတွင် ကုမ္ပဏီများအနေဖြင့် အ ချိန်နှင့်တစ်ပြေးညီ တည်ဆောက်ခြင်းမရှိ၍ နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်နေခြင်း၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး စိစစ်ကြပ်မတ်မှုတွင် အားနည်းချက်များဖြစ်ပေါ်နေခြင်းနှင့် လုပ်ငန်းပြီးစီးမှုနှင့်တစ်ပြေးညီ လုပ်ငန်းတန်ဖိုးပေးချေနိုင်မှုမရှိခြင်း စသည့် အားနည်းချက်များဖြစ်ပေါ်နေကြောင်း သိရသည်။

Most Read

Most Recent