၂၀၁၉-၂၀၂၀ ရာသီ FA အမျိုးသမီး စူပါလိဂ်ပြိုင်ပွဲ အဖွင့်ပွဲအဖြစ် စက်တင်ဘာ ၇ ရက်က မန်စီးတီးအသင်းနှင့် တန်းတက် မန်ယူအသင်းတို့ အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ ပရိသတ် ၃၁၂၁၃ ဦး လာရောက် ကြည့်ရှုအားပေးခဲ့သည်။
မန်စီးတီးနှင့် မန်ယူအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် မန်ချက်စတာဒါဘီပွဲမှာ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပရိသတ်အများဆုံးပွဲအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ရာသီ FA အမျိုးသမီး စူပါလိဂ်ပြိုင်ပွဲ အဖွင့်ပွဲအဖြစ် စက်တင်ဘာ ၇ ရက်က မန်စီးတီးအသင်းနှင့် တန်းတက် မန်ယူအသင်းတို့ အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ ပရိသတ် ၃၁၂၁၃ ဦး လာရောက် ကြည့်ရှုအားပေးခဲ့သည်။
ယင်းပမာဏမှာ ပြီး ခဲ့သည့်ဧပြီတွင် ဘရိုက်တန်-အာဆင်နယ်ပွဲ၌ ပရိသတ်အများဆုံး စံချိန်တင်ထားသည့် ၅၂၆၅ ဦးထက် ခြောက်ဆနီးပါးပိုများပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပရိသတ်အများဆုံး အဖြစ် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတွင် အိမ်ရှင်မန်စီးတီးအသင်းက ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့ပြီး ၄၈ မိနစ်တွင်သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မန်ယူအသင်း အနေဖြင့် ယခုနှစ်မှသာ တန်းတက်လာခြင်းဖြစ်ရာပထမဆုံးဒါဘီပွဲ လည်းဖြစ်သည်။