ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ်သော မြွေပွေးနှင့် မြွေဟောက် အဆိပ်ဖြေဆေး အလုံးပေါင်း ၄၀၀၀ ခန့်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝယ်ယူ

ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ်သော မြွေပွေးနှင့် မြွေဟောက် အဆိပ်ဖြေဆေး အလုံးပေါင်း ၄၀၀၀ ခန့်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝယ်ယူ
ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ်လျက်ရှိသော မြွေဆိပ်ဖြေဆေးများကို တွေ့ရစဉ်
ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ်လျက်ရှိသော မြွေဆိပ်ဖြေဆေးများကို တွေ့ရစဉ်
Published 8 September 2019
အိသဥ္ဇာကျော်

ဆေးဝါးစက်ရုံ(အင်းစိန်) က ထုတ်လုပ်သော မြွေပွေးအဆိပ်ဖြေဆေး အလုံးပေါင်း ၂၀၀၀ နှင့် မြွေ ဟောက်အဆိပ်ဖြေဆေး အလုံးပေါင်း ၂၀၀၀ ကို ယခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လာ ရောက်ဝယ်ယူခဲ့ကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်) မှ သိရသည်။

လက်ရှိတွင် မြွေဆိပ်ဖြေဆေးများကို စက်မှုဝန်ကြီးဌာနက ထုတ်လုပ်လျက်ရှိပြီး မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာတွင်အသုံးပြုမည့် မြွေဆိပ်အတွက် လိုအပ်သည့် သုတေသန လုပ်ငန်းများကိုမူ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြွေကိုက်ခံရသူများအနက် ကိုက်သည့် မြွေအမျိုးအစား ခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက်မြွေပွေးနှင့် မြွေဟောက် အဆိပ်နှစ်မျိုးလုံးကို ဖြေပေးနိုင်သည့် ငြလေူနညအ မြွေဆိပ် ဖြေဆေးများကို ဆေးဝါးစက်ရုံ(အင်း စိန်) က ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ မြွေကိုက်မှု ဖြစ်စဉ်တွေရဲ့ ရာခိုင်နှုန်း ၉၀ လောက်က မြွေပွေးကိုက်ခံရတာ ဖြစ်ပါတယ်။ ခြောက်ရာခိုင်နှုန်း လောက်ကတော့မြွေဟောက်ကိုက်ခံရတာဖြစ်ပြီး ကျန်တဲ့ ရာခိုင်နှုန်း အနည်းငယ်က အခြားမြွေအမျိုးအစား ကိုက်ခံရခြင်းကြောင့် ဖြစ်ပါ တယ်။ ဆေးဝါးစက်ရုံ (အင်းစိန်)အနေ နဲ့ မြွေပွေး အဆိပ်ဖြေဆေးကို ရာခိုင်နှုန်းအများစုထုတ်လုပ်ပြီး မြွေဟောက်အဆိပ်ဖြေဆေးကို ၁၀ ရာ ခိုင်နှုန်းလောက်ထုတ်လုပ်နေပါ တယ်” ဟုဆေးဝါးစက်ရုံ(အင်းစိန်)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

BPI က ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကို ပြည်တွင်း၌ သာမက ဒေသတွင်းနိုင်ငံအချို့သို့ တင်ပို့ရောင်းချနေပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း အလုံးရေ ၅၀၀၀ ခန့် ထပ်မံတင်ပို့ ရောင်းချခဲ့ကြောင်း ၊ ပြည်တွင်း လိုအပ်ချက် ထက်ပြည့်စုံသော မြွေဆိပ်ဖြေဆေးများအား ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက် လျက်ရှိရာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာ နှစ်အတွင်း ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများသို့ မြွေဆိပ်ဖြေဆေးအလုံး ၅၀၀ စမ်းသပ်တင်ပို့ရောင်းချခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြွေဆိပ်ဖြေဆေးအလုံး ၅၀၀၀ ခန့် တင်ပို့နိုင်ရေး ဆောင်ရွက်ခဲ့သည်။

ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကို ဒေသတွင်းနိုင်ငံများသို့ ရောင်းချနေပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်က

ကမ္ဘောဒီးယားနိုင်ငံသို့ မြွေပွေးအဆိပ်ဖြေဆေး အအေးခဲခြောက်အလုံး ၃၀၀ နှင့် လာအိုနိုင်ငံသို့ မြွေဆိပ် ဖြေဆေးအလုံး ၂၀၀ ကိုတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၂ တန်ဖိုးဖြင့် တင်ပို့ရောင်းချခဲ့ပြီးဖြစ်သည်။

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) က မြွေဆိပ် ဖြေဆေးများကို ၂၀၁၈ ခုနှစ်မှစ၍ ဆေးလုံးရေ တစ်သိန်းအထိ တိုးမြှင့်ထုတ်လုပ်ရန် လျာထားဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု အန္တရာယ် အရှိဆုံးမှာ ကျေးလက်နေ တောင်သူလယ်သမားများဖြစ်ပြီး မြွေကိုက်ခံရမှုများတွင် မြွေပွေးကိုက်ခံရသူ အရေအတွက် အများဆုံးဖြစ်ကြောင်း နှင့် နောက်ပိုင်းတွင် ဝေးလံခေါင်ဖျားဒေသများနှင့် ကျေးလက်များသို့ ယင်းဆေးများအား ပေးပို့ အသုံးပြုရာ၌ အဆင်ပြေစေရန်အတွက် မြွေ ဆိပ်ဖြေဆေးရည်သာမက သာမန်အခန်းအပူချိန်တွင် သိမ်းဆည်းထားနိုင်သည့် အအေးခဲခြောက် ပုံစံဖြင့်လည်း ထုတ်လုပ်ဖြန့်ချိပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် မြွေဆိပ်ဖြေဆေး ကို စက်မှုဝန်ကြီးဌာနက ထုတ်လုပ် လျက်ရှိပြီး မြွေဆိပ်ဖြေဆေးထုတ် လုပ်ရာတွင် အသုံးပြုမည့် မြွေဆိပ် အတွက်လိုအပ်သည့် သုတေသန လုပ်ငန်းများကိုမူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏မြွေဆိပ်သုတေသနလုပ်ငန်းနှင့် မြွေ ဆိပ်ဖြေဆေးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာလုပ်ငန်းများကို ဘရာဇီးနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent