ကမ္ဘာ့ရွှေစျေး ၁၅၀၆ ဒေါ်လာဝန်းကျင်ရှိခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၅၆၅၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်း

ကမ္ဘာ့ရွှေစျေး ၁၅၀၆ ဒေါ်လာဝန်းကျင်ရှိခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၅၆၅၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်း
Published 7 September 2019
စည်သူအောင်

ကမ္ဘာ့ရွှေစျေးနှုန်းသည် စက်တင်ဘာ ၇ ရက်တွင် ၁၅၀၆ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၅၆၅၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ၁၃၁၅၀၀၀ ဖြစ်သည်။

 ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့သည်။

ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၉ ခု နှစ် ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက် တင်ဘာ ၂၀ ရက်၌ ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိမြင့်တက်ခဲ့သည်။ သြဂုတ်လအတွင်းတွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင်ကျပ် ၁၁၅၄၉၀၀၊  သြဂုတ် ၇ ရက်တွင် ကျပ် ၁၂၀၃၀၀၀၊ သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၁၂၄၉၀၀၀၊ သြဂုတ် ၂၉ ရက်တွင် ကျပ် ၁၂၆၃၀၀၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၁၂၈၂၀၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ အထိ စံချိန်သစ်များ တင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေစျေးနှုန်းများမှာ မတ်တွင် ကျပ် ၁၀၄၂၅၀၀ - ၁၀၇၂၀၀၀၊ ဧပြီတွင် ကျပ် ၁၀၃၆၀၀၀ - ၁၀၅၅၀၀၀၊ မေတွင် ကျပ် ၁၀၃၆၀၀၀ - ၁၀၅၉၀၀၀၊ ဇွန်တွင် ကျပ် ၁၀၅၆၀၀၀ - ၁၁၃၀၀၀၀၊ ဇူလိုင်တွင် ကျပ် ၁၀၉၇၀၀၀ - ၁၁၅၀၀၀၀၊ သြဂုတ်တွင် ကျပ် ၁၁၄၁၅၀၀ - ၁၂၆၃၀၀၀ တို့ ဖြစ်သည်။

ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ် ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့် ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၂၇၈-၁၃၂၅ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၀၇- ၁၃၄၃ ဒေါ်လာ၊ မတ်တွင် ၁၂၉၂- ၁၃၂၂ ဒေါ်လာ၊ ဧပြီတွင် ၁၂၆၉-၁၃၀၉ ဒေါ်လာ၊ မေတွင် ၁၂၇၀-၁၃၀၆ ဒေါ်လာ၊ ဇွန်တွင် ၁၃၀၅-၁၄၂၃ ဒေါ် လာ၊ ဇူလိုင်တွင် ၁၃၈၂-၁၄၄၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၄၅၀-၁၅၄၂  ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ဒေါ်လာ ၁၀၀ ကျော်အထိ ရှိခဲ့ကြောင်းသိရသည်။

 

 

Most Read

Most Recent