စိုက်ပျိုးရေပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ပါ တွဲဖက်ထုတ်လုပ်လျက်ရှိသည့် သဖန်းဆိပ်၊ ကင်းတင်းနှင့် ဆည်တော်ကြီး စသည့် ဘက်စုံရေလှောင်တမံကြီးများတွင် ယခုနှစ်မိုးရာသီ၌ ရေလှောင်ပမာဏ ယခင်နှစ်ကာလတူထက် များစွာလျော့ကျလျက်ရှိ

စိုက်ပျိုးရေပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ပါ တွဲဖက်ထုတ်လုပ်လျက်ရှိသည့် သဖန်းဆိပ်၊ ကင်းတင်းနှင့် ဆည်တော်ကြီး စသည့် ဘက်စုံရေလှောင်တမံကြီးများတွင် ယခုနှစ်မိုးရာသီ၌ ရေလှောင်ပမာဏ ယခင်နှစ်ကာလတူထက် များစွာလျော့ကျလျက်ရှိ
 သဖန်းဆိပ်ဆည်ရေနည်းလာမှုကြောင့် ဆည်တည်ဆောက်စဉ်က ရေမြုပ်ခဲ့သည့် ရွာဟောင်းအချို့ကို တွေရစဉ်(ဓာတ်ပုံ-နေခြည်သစ်(ကျွန်းလှ)
သဖန်းဆိပ်ဆည်ရေနည်းလာမှုကြောင့် ဆည်တည်ဆောက်စဉ်က ရေမြုပ်ခဲ့သည့် ရွာဟောင်းအချို့ကို တွေရစဉ်(ဓာတ်ပုံ-နေခြည်သစ်(ကျွန်းလှ)
Published 7 September 2019
နီလာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး ရည်ရွယ်တည်ဆောက်ထားသည့် ရေလှောင်တမံများတွင် ယခုနှစ်မိုးရာသီ၌ ရေဝင်ရောက်မှုနည်းပါးလျက်ရှိပြီး အထူးသဖြင့် စိုက်ပျိုးရေပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ပါ တွဲဖက်ထုတ်လုပ်လျက်ရှိသော  သဖန်းဆိပ်၊ ကင်းတား၊ ဆည်တော်ကြီး၊ မြို့ကြီး စသည့် ဘက်စုံရေလှောင်တမံကြီးများတွင် တမံအတွင်း ရေလှောင်ပမာဏများမှာ ယခင်နှစ်ကာလတူပမာဏများနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်းလျက်ရှိကြောင်း သိရသည်။

သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတား ရေလှောင်တမံနှင့် ဆည်တော်ကြီးရေလှောင်တမံတွင် နှစ်အလိုက် ကာလတူရေလှောင်ပမာဏ(ဧကပေ)ကို နှိုင်းယှဉ်ကြည့်ပါက စစ်ကိုင်းတိုင်းဒေသကြီး၊ သဖန်းဆိပ်ရေလှောင်တမံတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၆ ရက် တွင် ရေလှောင်ပမာဏ  ၂၂၂၂၆၅၁ ဧကပေရှိသော်လည်း ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ၅၉၂၆၈၆ ဧကပေသာရှိပြီး ဧကပေ ၁၆၂၉၉၆၅ လျော့ကျခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကင်းတားရေလှောင်တမံတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က ရေလှောင်ပမာဏ ၄၂၄၀၈၀ ဧကပေရှိခဲ့သော်လည်း  ၂၀၁၉ ခု နှစ် စက်တင်ဘာ ၆ ရက်တွင် ၃၂၂၂၀၀ ဧက ပေသာရှိပြီး ဧကပေ ၁၀၁၈၈၀ လျော့ကျခဲ့ကြောင်း သိရသည်။

ဆည်တော်ကြီးရေလှောင်တမံတွင်  ၂၀၁၈ ခုနှစ် စက်တင်ဘာ ၆ ရက်က ရေလှောင်ပမာဏ ၃၁၄၉၉၅ ဧကပေရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ၂၅၇၄၀၀ ဧကပေသာရှိခဲ့ပြီး ဧကပေ ၅၇၅၉၅ လျော့ကျခဲ့ကြောင်း သိရသည်။

ယခုနှစ် မိုးရာသီ၌ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုနည်းပါးလျက်ရှိသဖြင့် မိုးစပါးစိုက်ခင်းများပေါ်တွင် စိုက်ပျိုးရေကို အထူးခြိုးခြံချွေတာပြီး အနည်းဆုံးပမာဏဖြင့် ပေးဝေနိုင်ရန် စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲမှုများ စီမံဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ -၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် မိုးစပါး ၁၅၀၈၃၁၅၆ ဧက၊ နွေစပါး ၂၇၇၇၈၉၉ ဧက စိုက်ပျိုးခဲ့ပြီး မိုးစပါး ၁၀၈၂၅၈၇၀၃၉ တင်း၊ နွေစပါး ၂၁၁၉၆၉၂၅၃ တင်းထွက်ရှိကာ စုစုပေါင်း စပါးတင်း ၁၂၉၄ ဒသမ ၅ သန်းကျော်ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မိုးစပါးနှင့် နွေစပါးစိုက်ဧကများမှာ ပြည်ထောင်စုနယ်မြေတွင် ၂၀၃၄၁၄ ဧက၊ ကချင်ပြည်နယ်တွင် ၄၆၀၉၁၄ ဧက၊ ကယားပြည်နယ်တွင် ၈၇၈၆၆ ဧက၊ ကရင်ပြည်နယ်တွင်  ၅၄၆၃၁၃ ဧက၊ ချင်းပြည်နယ်တွင် ၇၈၉၄၇ ဧက၊  စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၇၉၃၃၁  ဧက၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၄၀၉၉၈ ဧက၊ ပဲခူးတိုင်းဒေသကြီး ၃၁၄၄၇၉၄ ဧက၊ မကွေးတိုင်းဒေသကြီးတွင် ၇၀၇၈၆၈ ဧက၊ မန္တလေးတိုင်းဒေသကြီးတွင် ၆၇၂၄၉၃ ဧက၊ မွန်ပြည်နယ်တွင် ၇၃၃၉၅၇ ဧက၊ ရခိုင်ပြည်နယ်တွင် ၁၀၂၄၉၄၃ ဧက၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၃၇၉၂၄၃ ဧက၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၅၇၀၀၅၄ ဧက၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၄၄၈၇၅၇ ဧက၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၉၃၉၄၈ ဧက၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၅၁၈၆၂၃၄ ဧကတို့ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပျမ်းမျှတစ်ဧက စပါးထွက်ရှိမှုပမာဏများမှာ ပြည်ထောင်စုနယ်မြေတွင် ၈၆ ဒသမ ၁၁ တင်း၊ ကချင်ပြည်နယ်တွင် ၆၈ ဒသမ ၇၉ တင်း၊ ကယားပြည်နယ်တွင် ၆၇ ဒသမ ၈၅ တင်း၊ ကရင်ပြည်နယ်တွင် ၇၀ ဒသမ ၆၈ တင်း၊ ချင်းပြည်နယ်တွင် ၄၅ ဒသမ ၉၃ တင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၈၂ ဒသမ ၃၃ တင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၆၉ ဒသမ ၅၂ တင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၇၈ ဒသမ ၈၅ တင်း၊ မကွေးတိုင်းဒေသကြီးတွင် ၇၅ ဒသမ ၃၉ တင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၈၁ ဒသမ ၄၉ တင်း၊ မွန်ပြည်နယ်တွင် ၆၄ ဒသမ ၆၄ တင်း၊ ရခိုင်ပြည်နယ်တွင် ၆၁ ဒသမ ၆၀ တင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၇၈ ဒသမ ၁၅ တင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၆၆ ဒသမ ၈၂ တင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၈၆ ဒသမ ၃၅ တင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၇၇ ဒသမ ၉၀ တင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၇၇ ဒသမ ၄၁ တင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

                                                       

 

Most Read

Most Recent