အာဖရိက၏ အသကျအငယ်ဆုံး ဘီလျံနာ တန်ဇန်နီးယား၌ပြနျပေး ဆွဲခံရ

အာဖရိက၏ အသကျအငယ်ဆုံး ဘီလျံနာ တန်ဇန်နီးယား၌ပြနျပေး ဆွဲခံရ
Published 12 October 2018
eleven

အာဖရိက၏အသက်အငယ်ဆုံးဘီလျံ နာကို အောက်တိုဘာ ၁၁ ရက် နံနက်တွင် တန်ဇန်နီးယား၏ စီးပွားရေးမြို့တော်Dar es Salaam ၌ သေနတ်သမားများက ပြန်ပေး ဆွဲသွားသည်ဟု တာဝန်ရှိသူများက ပြော ကြားခဲ့သည်။

စိုက်ပျိုးရေးမှသည် အာမခံလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင် ရေးနှင့် စားသောက်ကုန်လုပ်ငန်းများကို နိုင်ငံ ၁၀ နိုင်ငံတွင် စီမံခန့်ခွဲနေသည့် MeTL Group ၏ဥက္ကဋ္ဌဖြစ်သည့် အသက် ၄၀ အရွယ်ရှိ Mohammed Dewji သည် မြို့ရှိ ဟိုတယ်တစ်ခု၏ အားကစားရုံသို့ ဝင်ရောက် စဉ် ဖမ်းဆီးခံခဲ့ရသည်။

“ကနဦးသတင်းအချက်အလက်တွေ အရ မြို့မှာ ကားနှစ်စီးနဲ့သွားနေတဲ့ လူဖြူ တွေကDewji ကို ပြန်ပေးဆွဲခဲ့တယ်လို့ သိ ရတယ်။ဒီလိုမျိုးဖြစ်ရပ်မျိုးဖြစ်တာ ဒါ ပထမ ဆုံးအကြိမ်ပဲ”ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ပေါမာကွန်ဒါက ပြောကြားခဲ့သည်။Dar es Salaam ရဲအရာရှိချုပ်ကလည်း ရာဇဝတ်မှုတွင် နိုင်ငံခြားသားများပါဝင် ပတ်သက်မှုရှိသည်ဟု ပြောကြားခဲ့သည်။

 

ပြန်ပေးဆွဲသူများသညDewjiကို ကားထဲသို့ ဆွဲမခေါ် မီ လေထဲတွင် သေနတ်ပစ်ဖောက်ခဲ့ သည်ဟု ၎င်းက ပြောpကြားခဲ့သည်။ ရဲတပ်ဖွဲ့ သည် သံသယရှိသူများကို ရှာဖွေခဲ့ပြီး ဖမ်း ဆီးခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့ သည်။

Dewjiသည် တန်ဇန်နီးယားတွင် မွေးဖွားခဲ့ပြီး အမေရိကန်ရှိဂျော့ချ်တောင်း တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၎င်းသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လွှတ် တော်အမတ်တစ်ဦးဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။

၂၀၁၃ ခုနှစ်တွင်Forbes မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဖော်ပြခံရသည့် ပထမဆုံး တန် ဇန်နီးယားနိုင်ငံသားဖြစ်ခဲ့ပြီးForbes Africa Personအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၎င်းင်းသည် တန်ဇန်နီးယားSimba FCဘောလုံးအသင်း၏ အဓိကရှယ်ယာရှင် လည်းဖြစ်သည်။REF:AFP

 

 

Most Read

Most Recent