ဂျာမနီအသင်း၏ နှစ် (၄၀)ကြာ Clean Sheet စံချိန်ကို နော်ယာ ချိုးဖျက်

ဂျာမနီအသင်း၏ နှစ် (၄၀)ကြာ Clean Sheet စံချိန်ကို နော်ယာ ချိုးဖျက်
Photos: AS,Getty Images
Photos: AS,Getty Images
Published 12 June 2019

နော်ယာသည် အက်စ်တိုးနီးယားအသင်းကို (၈-၀) ဂိုးဖြင့် အနိုင်ရ သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲ၌ Clean Sheet  ရရှိခဲ့ခြင်းဖြစ်သည်။

 

ဂျာမနီဂိုးသမား နော်ယာသည် အက်စ်တိုးနီးယားအသင်းကို အနိုင်ရသည့်ပွဲတွင် အသင်း၏ Clean Sheet  စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ နော်ယာသည် အက်စ်တိုးနီးယားအသင်းကို (၈-၀) ဂိုးဖြင့် အနိုင်ရ သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲ၌ Clean Sheet  ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းမှာ နော်ယာအတွက် ဂျာမနီလက်ရွေးစင် ကစားသမားဘဝ (၈၈) ပွဲကစားရာ တွင် (၃၇) ပွဲမြောက် Clean Sheet  ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် နော်ယာသည် ဂျာမနီအသင်းသမိုင်း တွင် ၁၉၇၉ ခုနှစ်က Clean Sheet   (၃၆) ပွဲဖြင့် စံချိန်တင်ထားခဲ့သည့် ဂန္ထဝင်ဂိုးသမား ဆပ်မိုင်ယာ၏စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည်။

ဆပ်မိုင်ယာသည် ဂျာမနီအသင်းအတွက် ၁၉၆၆ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ကစားခဲ့ပြီး (၉၅) ပွဲတွင် (၃၆) ပွဲ Clean Sheet  ရရှိကာစံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။ ဂျာမနီအသင်းအတွက် ၂၀၀၉ ခုနှစ် တွင်စတင်ပွဲထွက်ခဲ့သည့်နော်ယာသည် နှစ် (၄၀)ကြာတင်ရှိနေသည့် ယင်းစံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent