‘မ’ ဂဏန်းဆုံးနှစ်တွေမှာ သတိပြုသင့်တဲ့ သွေးလွန်တုပ်ကွေး

‘မ’ ဂဏန်းဆုံးနှစ်တွေမှာ သတိပြုသင့်တဲ့ သွေးလွန်တုပ်ကွေး
အထက (၃) တာမွေကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အထက (၃) တာမွေကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 2 June 2019
အိသဥ္ဇာကျော်

ကမ္ဘာပေါ်မှာ ခြင်အမျိုးအစားပေါင်း ၃၀၀၀ ခန့်ရှိပြီး လူပေါင်း နှစ်သန်းခန့်ဟာ ခြင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို ခံစားနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားပါတယ်။ ခြင်မှတစ်ဆင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ အဝါရောင် အဖျားရောဂါ၊ ဆင်တုပ်ကွေးရောဂါတို့ ဖြစ်ပွားနိုင်ပါတယ်။

ခြင်ကြောင့်ဖြစ်သော ရောဂါများ

မြန်မာနိုင်ငံမှာ ခြင်အမျိုးအစား သုံးမျိုးရှိပြီး Anopheles ခြင်မှ တစ်ဆင့် ငှက်ဖျားရောဂါ၊ Aedes ခြင်မှတစ်ဆင့် သွေးလွန်တုပ်ကွေးရောဂါ၊ အဝါရောင်အဖျားရောဂါ၊ ဆင်တုပ်ကွေးရောဂါကို ဖြစ်စေပါတယ်။ Culex ခြင်မှတစ်ဆင့် ဂျပန်ဦးနှောက်ရောင်ရောဂါနဲ့ ဆင်ခြေထောက်ရောဂါကို ဖြစ်စေပါတယ်။ ငှက်ဖျားခြင်၊ သွေးလွန်တုပ်ကွေးခြင် (ခေါ်) Anopheles နဲ့ Aedes ခြင်ကတော့ ရေကြည်၊ ရေသန့်၊ ရေငြိမ်မှာ ပေါက်ဖွားလေ့ရှိပြီး Culex ခြင်ကတော့ ရေပုပ်ရေသိုး ( အုတ်မြောင်း၊ မိလ္လာကန်၊ မိလ္လာကျင်း၊ အသုံးမပြု နိုင်တဲ့အိုးခွက်) တွေ၊ မြေတွင်း၊ မြေချိုင့်တွေနဲ့ အသုံးမပြုတဲ့ ရေတွင်း၊ ရေကန်တွေမှာ ပေါက်ဖွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ခြင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတဲ့ရောဂါ အများစု ဖြစ်ပွားမှုရှိနေပြီး ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါတွေကတော့ ဖြစ်ပွားနှုန်းမြင့်မားပြီး ပြည်သူ့ ကျန်းမာရေး ပြဿနာထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ ဒီရောဂါတွေဟာ တစ်နှစ်ပတ်လုံး ရာသီမရွေးဖြစ်ပွားမှု ရှိနေပြီး အခုလို မိုးဦးကျကာလတွေမှာတော့ သွေးလွန်တုပ်ကွေး ရောဂါက ကလေးငယ်တွေမှာ ဖြစ်ပွားနှုန်း မြင့်မားလာလေ့ ရှိပါတယ်။ သွေးလွန်တုပ်ကွေးက ခြင်အများဆုံး ပေါက်ဖွားလေ့ရှိတဲ့ မိုးဦးကျနဲ့ မိုးရာသီကာလ တစ်လျှောက်လုံး ပိုမိုဖြစ်ပွားလေ့ရှိပြီး ပူအိုက်စွတ်စိုတဲ့အချိန် ဥပမာ မိုးရွာပြီး နေပြန်ပူတဲ့အချိန် တွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။ မြန် မာနိုင်ငံမှာတော့ မိုးများတဲ့ ဇွန်၊ ဇူ လိုင်၊ သြဂုတ်လတွေမှာ အများဆုံး ဖြစ်ပွားတတ်ပြီး မိုးရွာနောက်ကျ တတ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာတော့ မိုးရွာတဲ့အချိန် စက်တင်ဘာ၊  နိုဝင်ဘာလတွေမှာ ဖြစ်ပွားနှုန်း မြင့်မားလေ့ရှိတယ်လို့ သိရပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် ဖြစ် ပွားချိန်အနည်းငယ် ကွာခြားတတ် သလို တစ်နှစ်ပတ်လုံးလည်း အချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်။

သွေးလွန်တုပ်ကွေးဆိုတာ

သွေးလွန်တုပ်ကွေးရောဂါဟာ Arbovirus (ခေါ်) ဗိုင်းရပ်စ်အုပ်စုမှ Dengue Virus ကြောင့်ဖြစ်ပွားပြီး Dengue Virus တွင် Serotype လေးမျိုးရှိတယ်လို့ သိရပါတယ်။ DEN-1, DEN-2, DEN-3 နဲ့ DEN-4 တို့ဖြစ်ပါတယ်။ Aedes ခြင်ကျားဟာ  ရေကြည်ရေသန့်၊ ရေသေမှာ ပေါက်လေ့ရှိပြီး လူတွေ အသုံးပြုဖို့ ရေသိုလှောင်လေ့ရှိတဲ့ နေရာတွေနဲ့ လူတွေစွန့်ပစ်ထားတဲ့ ရေတင်ကျန်နိုင်တဲ့ အရာဝတ္ထုတွေ မှာ ပေါက်ဖွားလေ့ရှိတာကို တွေ့ရ ပါတယ်။ Aedes albopictus ကတော့ သဘာဝအလျောက် မိုးရေတင်ကျန်လေ့ရှိတဲ့ နေရာတွေမှာ ပေါက်လေ့ရှိပြီး ခြင်ဥကနေ ခြင်ကောင်ဖြစ်တဲ့အထိ ခုနစ်ရက်ကနေ ၁၀ ရက် ကြာလေ့ရှိတယ်လို့လည်း သိရပါတယ်။ 

ခြင်ကျားဟာ အများအားဖြင့် နေ့အချိန်မှာ ကိုက်လေ့ရှိပြီး အများဆုံး ကိုက်လေ့ရှိတဲ့ အချိန်တွေက နံနက် အရုဏ်တက်စကနေ နေထွက်ချိန်အထိ တစ်ချိန်နဲ့ ညနေ နေမဝင်မီ အချိန်တို့ဖြစ်ပါတယ်။ ခြင်ကျားဟာ အနောဖလိစ်ခြင်ကဲ့သို့ ဝေးဝေးပျံ လေ့မရှိပါ။ သူတို့ပေါက်ဖွားရာနေ ရာက (မီတာ ၅၀ မှ ၃၀၀)အတွင်း သာပျံလေ့ရှိပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး ကျား-မ မရွေး ဖြစ်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး မြန် မာနိုင်ငံမှာ ယခင်က အသက် ၁၅ နှစ်အောက် ကလေးတွေမှာသာ ဖြစ် ပွားလေ့ရှိပေမယ့် ဒီနေ့ခေတ်မှာ တော့လူကြီးတွေမှာပါ ဖြစ်ပွားသေ ဆုံးမှုတွေရှိလာတာကို တွေ့ရပါ တယ်။ အသက်သုံးနှစ်ကနေ ရှစ်နှစ်  အရွယ်ကလေးတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိတာကြောင့် မူကြို၊ မူလ တန်းအရွယ် ကလေးတွေမှာ အထူး သတိထားရမယ့် ရောဂါတစ်မျိုးပါ။

အဓိကအားဖြင့် သွေးလွန်တုပ်ကွေး ရောဂါသယ်ဆောင်တဲ့ ခြင်ပေါက် ဖွားနိုင်တဲ့ အခြေအနေကို ဖော် ဆောင်တဲ့ အပူချိန်၊ မိုးရွာသွန်းမှု၊  စို ထိုင်းဆနဲ့ ခြင်ပေါက်ဖွားဖို့ အခြေ အနေပေးတဲ့ အပေါ်မူတည်ပြီး  ရော ဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ ပူအိုက် စွတ်စိုပြီး  စိုထိုင်းဆများတဲ့ မိုးရာသီမှာ Aedes ခြင်ပေါက်ပွားမှု များပြားတာကို တွေ့ရပါတယ်။ မိုးရာသီမှာ မိုးရေတင်ကျန်နိုင်တဲ့နေရာတွေ များပြားလာခြင်းကလည်း ခြင်ပေါက်ဖွားမှုကို အားပေးနေသလိုပါပဲ။

မြန်မာနိုင်ငံနှင့် သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေးရောဂါက မြန်မာနိုင်ငံမှာ ၁၉၆၅ ခုနှစ်က ရန် ကုန်မြို့မှာ စတင်ဖြစ်ပွားခဲ့ပြီး ၁၉၆၉ ခုနှစ်ကစလို့ ရောဂါဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကျန်းမာရေးဝန် ကြီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ရောဂါစတင်ဖြစ်ပွားချိန်က စပြီး ၁၉၇၀ ပြည့်နှစ်အထိ ရန်ကုန် မြို့မှာသာ ဖြစ်ပွားမှုရှိခဲ့ပေမယ့် ၁၉၇၄ ခုနှစ်မှာတော့ ရန်ကုန်အပါ အဝင်မွန်၊ ပဲခူး၊ မန္တလေးမြို့တွေမှာပါ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီကနေ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အားလုံးကို တဖြည်းဖြည်း ကူးစက်ပျံ့နှံ့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“တိုင်းနဲ့ပြည်နယ် အားလုံးမှာ ရန်ကုန်က နှစ်စဉ်သွေးလွန်တုပ်ကွေး   ဖြစ်ပွားနှုန်းများတယ်။ ရန်ကုန်က လူဦးရေထူထပ်တယ်။ လူနေသိပ် သည်းတယ်။ ရေသိုလှောင်မှုများ တယ်။ ရွှေ့ပြောင်းလုပ်သားများ တယ် စတဲ့အချက်တွေကြောင့် ရောဂါဖြစ်ပွားမှုက နှစ်စဉ်များနေပါတယ်။ နောက်တစ်ခုက ရန်ကုန်မှာ က ရောဂါဖြစ်တာနဲ့ ချက်ချင်းသိတယ်။ သတင်းအချက်အလက်မြန် မြန်ရတယ်။ ဆေးရုံဆေးခန်းတွေနဲ့ လည်း ချိတ်ဆက်မှု အားကောင်းတာ တွေကြောင့် ဘယ်နေရာမှာ ဘယ်သူ တွေဖြစ်တယ်ဆိုတဲ့ သတင်းအချက် အလက်တွေကြောင့်လည်း ပါပါ တယ်။ ပညာပေးလုပ်ငန်းတွေ လုပ် တဲ့အခါ သွေးလွန်တုပ်ကွေးက အသက်အရွယ်မရွေး ဖြစ်နေတယ်။ သတိလက်လွတ်နေမိရင် အသက် အန္တ ရာယ်ရှိတယ်လို့ပြောနေပေမယ့် ဒီလို လူနာမျိုးတွေကိုလည်း အခုချိန် အထိ တွေ့နေရတုန်းပါပဲ။ သွေးလန့် တဲ့ လက္ခဏာဆိုတာ ကလေးတွေမှာ တင်မကဘူး လူကြီးလူငယ်တွေမှာ လည်း ဖြစ်တတ်တယ်။ ဒါကို အချိန် မီ ဆေးရုံမသွားနိုင်ရင် အချိန်မီကုသ နိုင်ဖို့မလွယ်ပါဘူး။ အချိန်မီကုသ မှသာလျှင် အသက်ရှင်နိုင်မှာပါ။ အခု မိုးတွေရွာတော့ ခြင်တွေဥဥ ထားတဲ့နေရာကနေ အကောင် ပေါက်လာမှုများလာတယ်။ နှစ်စဉ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လသည် ရောဂါ ဖြစ်ပွားမှုများတဲ့ လတွေဖြစ်တဲ့ အတွက် စောင့်ကြည့်ရမယ့် အချိန် ရောက်ပါပြီ” လို့ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ခြင်မှတစ်ဆင့်ကူး စက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့မှ ဒေါက်တာ အေးမွန်မွန်ကျော်က ပြောကြားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေအားလုံးမှာ သွေးလွန် တုပ်ကွေးဖြစ်ပွားမှုက နှစ်စဉ် နှစ် သန်းကျော် ရှိလာပြီး ၁၉၅၉  မှ၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၅၀ ကျော် အတွင်း အဆပေါင်း နှစ်ထောင် ကျော်အထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ဆယ်စုနှစ် ငါးဆက်အတွင်း ရောဂါဖြစ်ပွားနှုန်းက အံ့မခန်းပါ။

ကမ္ဘာ့နိုင်ငံတွေမှာ ၁၉၅၅-၁၉၅၉ ခုနှစ် ငါးနှစ်တာအတွင်းသွေး လွန်တုပ်ကွေးဖြစ်ပွားသူ ၉၀၅ ဦး သာရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်နောက် ပိုင်း နှစ်စဉ်လူဦးရေနှစ်သန်းကျော် အထိရောဂါဖြစ်ပွားမှုတွေ မြင့်တက် လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သွေးလွန်တုပ် ကွေးဖြစ်ပွားမှုက ၁၉၇၄-၁၉၇၆ ခုနှစ်မှာ လူဦးရေ ၆၀၀၀ ကျော်သာ ရှိခဲ့ပေမယ့်လည်း ၂၀၁၅ ခုနှစ် အတွင်း လူဦးရေ ၄၀၀၀၀ ကျော်အထိ ဖြစ်ပွားမှုမြင့်တက်လာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

“မြန်မာနိုင်ငံမှာ သွေးလွန်တုပ် ကွေးဖြစ်ပွားမှုက နှစ်စဉ်မြင့်တက် လာပြီး ပျမ်းမျှတစ်နှစ်မှာ လူဦးရေ တစ်သောင်းကျော် ဖြစ်ပွားတယ်။  ၆၀ ဦးနှုန်း သေဆုံးနေပါတယ်။ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတွေ မှာ ဖြစ်ပွားနှုန်းတွေ ဆက်တိုက်မြင့် တက်နေဆဲပါပဲ။ တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ ရောဂါဖြစ်ပွားမှုနှုန်း နှစ်စဉ်မြင့်တက်လာတဲ့ သွေးလွန် တုပ် ကွေးရောဂါကို ၂၀၁၅ ခုနှစ်မှ စ၍ တစ်နှစ်ပတ်လုံး စောင့်ကြပ် ကြည့်ရှုရတဲ့ ရောဂါစာရင်းမှာ စတင် ထည့်သွင်းခဲ့ပါတယ်” လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေး ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဘာတွေပြင်ဆင်နေပြီလဲ

“ဒီနှစ် အခြေခံပညာကျောင်းတွေမှာ ကြိုတင်ကာကွယ်ရေးနဲ့အသိ ပညာပေးလုပ်ငန်းတွေကို အဓိက ထားပြီးလုပ်နေပါတယ်။ ရောဂါကာ ကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံး မှာရှိတဲ့ အခြေခံပညာကျောင်းတွေ မှာ စနစ်တကျလုပ်ဆောင်ဖို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ညွှန်ကြားထားတာ ရှိပါတယ်။ ညွှန်ကြားချက်ထဲမှာ ကျောင်း တွေမှာ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း တွေကို ဆရာ ဆရာမတွေ၊ ကျောင်း သား ကျောင်းသူတွေပါဝင်တဲ့ အဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက အပတ်စဉ်ဆောင်ရွက်ပေးဖို့၊ ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်မှာ ခြင်ပေါက် ဖွားနိုင်တဲ့ ရေသိုလှောင်တဲ့ အိုးခွက်တွေ၊ ရေတင်ကျန်နိုင်သောစွန့်ပစ် ထားတဲ့ ပုလင်းခွံ၊ ဘူးခွံ၊ အုန်းမှုတ်ခွက်စတာတွေ ရေတင်ကျန်နိုင်သော သစ်ငုတ်၊ ၀ါးငုတ် စတာတွေ မရှိရ အောင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လှုပ်ရှားမှု အနေနဲ့ ဆောင်ရွက်ဖို့တွေအပြင် ရေစီးရေလာ ကောင်းမွန်ရေးကိုပါ ထည့်သွင်း ဆောင်ရွက်ဖို့၊ ကျောင်းတွေမှာ အပတ်စဉ် Dry Day ပြုလုပ်ဖို့၊ ကျောင်းဖွင့်တဲ့အချိန်ကစပြီး ကျောင်းတွေမှာ ဆေးမှုတ်တာ၊ Fever Surveillance နဲ့ Reporting System တွေ ထူထောင်ဖို့စတာတွေကို ညွှန်ကြားထားပါတယ်” လို့ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာ ကွယ်နှိမ်နင်းရေးအဖွဲ့မှ ဒေါက်တာအေးမွန်မွန်ကျော်က ဆက်လက် ပြောကြားပါတယ်။

‘မ’ ဂဏန်းနှစ် ၂၀၁၉

မြန်မာနိုင်ငံမှာ သွေးလွန်တုပ် ကွေးရောဂါကြောင့် သေဆုံးနှုန်း တွေ နှစ်အလိုက် တဖြည်းဖြည်းကျ ဆင်းလာပေမယ့် ရောဂါဖြစ်ပွားနှုန်း ကတော့ တစ်နှစ်ထက်တစ်နှစ် မြင့် တက်လာတာကို နှစ်စဉ်ဖြစ်ပွားသေ ဆုံးနှုန်း ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။၂၀၀၉ ခုနှစ်ကသွေးလွန် တုပ်ကွေးရောဂါစံချိန်တင် ကပ် အသွင်ဖြစ်ပွားခဲ့ပြီး လူဦးရေ နှစ်သောင်းကျော်အထိ ဖြစ်ပွားမှု ရှိခဲ့ပါတယ်။ စံချိန်တင် မဟုတ်ပေမယ့် ဖြစ်ပွားနှုန်း မြင့်တက်ခဲ့တဲ့ နှစ်တွေကို ကြည့်မယ်ဆိုရင် ‘မ’ ဂဏန်းနဲ့ဆုံးတဲ့ ၂၀၀၅၊ ၂၀၀၇၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၇ ခုနှစ်တွေ ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါကြောင့် ဒီ ၂၀၁၉ ခုနှစ်ဟာလည်း ‘မ’ ဂဏန်းနဲ့ ဆုံးတဲ့နှစ် ဖြစ်တဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်းတွေ များလာနိုင်မလား ဆိုတာကို သတိပြုစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

‘A’ အဆင့် မြန်မာနိုင်ငံ

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်း မြင့်မားတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (အေ) အဆင့် သတ်မှတ်ခြင်း ခံထားရတယ်လို့ ဆိုပါတယ်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများတဲ့ (အေ) အဆင့် သတ်မှတ်ထားပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ သွေးလွန်တုပ်ကွေး ရောဂါဟာ ပြည်သူ့ကျန်းမာရေးပြဿနာ အနေနဲ့လည်း ရှိရမယ်။ ကလေးငယ်တွေ ဆေးရုံတက်ရောက် ကုသမှုနှုန်း၊ သေဆုံးနှုန်းတွေအပြင် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် အသွင်ကွဲ လေးမျိုးစလုံးလည်း ရှိရမယ်။ နောက် ရောဂါက မြို့ရော ကျေးလက်တောရွာတွေအထိ ပျံ့နှံ့နေပြီ။ ခုနကပြောခဲ့တဲ့ အချက်တွေ အားလုံးလည်း ရှိနေတယ်ဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (အေ) အဆင့် သတ်မှတ်ပါတယ်။ အခု မြန်မာနိုင်ငံ အခြေအနေက (အေ)အဆင့်ပါ။ သွေးလွန်တုပ်ကွေးက ၂၀၁၈ ခုနှစ်မှာ လူနာ၂၃၀၀၀ ခန့် ဖြစ်နေပါသေးတယ်။ သေတာက လည်း ၁၁၂ ဦးရှိတယ်။ အမှန်ကတော့ သွေးလွန်တုပ်ကွေး ရောဂါဆိုတာ ပြည်သူ့ကျန်းမာရေးနဲ့ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို သေချာလုပ်ရင် ဖြစ်ပွားမှုတွေ အလွန်လျော့နည်း သွားနိုင်တဲ့ ရောဂါဖြစ်ပါတယ်” လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊  ရောဂါနှိမ်နင်းရေး ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါ တယ်။

ရောဂါပိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီး နှိမ်နင်းရေး စီမံချက်က ရရှိတဲ့ အချက်အလက်တွေအရ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ  သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုက သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုထားပါတယ်။ မနှစ်က မြန်မာနိုင်ငံမှာတော့ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂၃၀၀၀၊ သေဆုံးသူ ၁၁၂ ဦးအထိ ရှိခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားပါ တယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ ရောဂါဖြစ်ပွားသူ ၃၁၂၈၈ ဦးနဲ့ သေဆုံးသူ ၁၉၂ ဦးအထိ ဖြစ်ပွားနှုန်း မြင့်တက်ခဲ့တာကို အချက်အလက်တွေအရ သိရပါတယ်။ ၂၀၁၇ ခုနှစ် ဖြစ်ပွားသေဆုံးနှုန်းနဲ့ နှိုင်းယှဉ်ရင် ၂၀၁၈ ခုနှစ် ဖြစ်ပွားသေဆုံးနှုန်းက လျော့နည်းသွားတာကို တွေ့ရပါတယ်။ ဒါဆိုရင် ဒီ ၂၀၁၉ ခုနှစ်မှာရော ဖြစ်ပွားနှုန်းက ဘယ်လိုရှိနိုင်မှာလဲ။

မြန်မာနိုင်ငံ ဆရာဝန်အသင်းက ကလေးအထူးကုဆရာဝန် ဒေါက်တာစည်သူက “၂၀၀၀ ခုနှစ်ကစပြီး နောက်ပိုင်းနှစ်တွေ အများစုမှာ သွေးလွန်တုပ်ကွေးက ဖြစ်နှုန်းမြင့်ပေမယ့် သေဆုံးနှုန်း လျော့ကျသွားတာကို တွေ့လာရတယ်။ ဖြစ်နှုန်းကတော့ ၂၀၀၀ ပြည့်နှစ်မတိုင်ခင်က နှစ်တွေထက် တဖြည်းဖြည်း ပိုပိုမြင့်လာတယ်။ နောက်တစ်ခုက နှစ်နှစ်ခြား သုံးနှစ်ခြားတစ်ကြိမ် ကပ်ရောဂါအသွင် ဖြစ်လာတာတွေလည်း ရှိနေတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ကပ်အသွင်ဖြစ်ဖူးတော့ ဒီနှစ်က ဘယ်လိုရှိမလဲတော့ သေချာမပြောနိုင်သေးဘူး။ ဒီမိုးတွင်းကိုတော့ စောင့်ကြည့်ရမှာပဲ။ သွေးလွန်တုပ်ကွေးက ကလေးတွေတင်မကဘူး သက်ကြီးပိုင်းတွေမှာပါ ဖြစ်ပွား၊ သေဆုံးမှုတွေ ရှိလာတာ စိပ်လာတဲ့ အတွက်ကြောင့် သတိထားနေထိုင်ဖို့တော့ လိုပါတယ်” လို့ သူ့ရဲ့ အမြင်ကိုလည်း သုံးသပ်ပြောကြား ထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ သိကောင်းစရာ

  • ရောဂါလက္ခဏာများ                        

၁။ နှစ်ရက်မှ ခုနစ်ရက်ခန့် အပြင်းဖျားသည်။

၂။ ပျို့အန်ခြင်း၊ ကိုယ်ပေါ်တွင် အနီစက်များထွက်ခြင်း စသည်တို့ဖြစ် တတ်သည်။

၃။ ဖျားနေစဉ် သုံးရက်မှ ငါးရက်အတွင်း သွေးလန့်သည့် လက္ခဏာများပေါ်၍ အန္တရာယ်ရှိနိုင်သည်။

  • အိမ်တွင်ပြုစုကုသခြင်း

၁။ ဂရုစိုက်၍ အရည်များများတိုက်ပါ။ (ဓာတ်ဆားရည်၊ ဖျော်ရည်အမျိုး မျိုး၊ ဟောလစ်၊ စွပ်ပြုတ်)

၂။ အညိုရောင်ရှိသော အရည်ကိုမတိုက်ရ။

၃။ အဖျားကြီးလွန်းလျှင် ရေပတ်တိုက်နိုင်သည်။

၄။ ပါရာစီတမောဆေးကို အရွယ်လိုက်၍ ဆေးညွှန်းပမာဏအတိုင်း ခြောက်နာရီခြားတိုက်ပါ။

၅။ ပါရာစီတမော မဟုတ်သော အခြားအပူကျဆေးများသည် သွေးထွက်မှု၊ သွေးလန့်မှု ဖြစ်စေသောကြောင့် မတိုက်ရ၊ မထိုးရ၊ စအိုထဲမထည့်ရ။

၆။ အဖျားကြီးလွန်းလျှင်၊ မှိန်းလွန်းလျှင် အစားအသောက်၊ အရည်မဝင်လျှင် နီးစပ်ရာ ကျန်းမာရေးဌာနထံ သွားရောက်ကုသပါ။

၇။ အစားအသောက် (သို့မဟုတ်) အရည်လုံးဝမဝင်ဘဲ ဆက်တိုက်အန်နေလျှင်။

၈။ ဖျားရာမှ ရုတ်တရက်အဖျားကျပြီး ခြေဖျား၊ လက်ဖျားများ အေးစက်နေလျှင်။

၉။ အဖျားကျသော်လည်း မှိန်းနေခြင်း (သို့မဟုတ်) ဂနာမငြိမ်ဖြစ်ခြင်း၊ ဗိုက်နာခြင်း၊ အသည်းကြီးခြင်း။

၁၀။ ခန္ဓာကိုယ်မှသွေးထွက်ခြင်း (ဥပမာ-နှာခေါင်းသွေးထွက်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ အန်သည့်အထဲတွင် ကော်ဖီစေ့ရောင်၊ အညိုအမည်း အဖတ်လေးများပါခြင်း စသည့် သွေးလန့်သည့် လက္ခဏာ တစ်ခုခုတွေ့လျှင် ဆေးရုံသို့ အမြန်ဆုံး သွားရောက်ကုသမှုခံယူပါ။

  • ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုက ဆောင်ရွက်ရမည့်လုပ်ငန်းများ

၁။ မိသားစုများသည် မိမိတို့ အိမ်တွင်း၊ အိမ်ပြင်ရှိ ရေထည့်ထားသည့် ရေစည်ရေအိုးများနှင့် ရေတင်ကျန်နိုင်သော ကားတာယာများကို ခြင်မဝင် အောင်ဖုံးအုပ်ရန်။ သောက်ရေ၊ သုံးရေအိုးခွက်များ၊ ရေစည်ရေအိုးများ၊ ပန်းအိုး၊ နတ်အိုးများ၏ အတွင်းပိုင်းကို ပွတ်တိုက်ဆေးကြော၍ သွန်ပစ်ခြင်း၊ ရေရှားပါက ခြင်လောက်လမ်းတွေ့သောရေကို နောက်အိုးတစ်အိုးသို့ ရေစစ် ၍ လဲလှယ်ပြောင်းထည့်ခြင်းကို အပတ်စဉ်တိုင်း ပြုလုပ်ရန်။

၂။ အိမ်ပြင်ပရှိ စွန့်ပစ်ပစ္စည်းများ ရှင်းလင်းရန်၊ မြေမြှုပ်ရန်၊ အသုံးမပြုသော အိုးခွက်များ မှောက်ထားရန်။

၃။ ခြင်ကိုက်ခြင်းမှ ကာကွယ်ရန် အကျႌလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ရန် (ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင်ထောင်၍ အိပ်ရန်)။

၄။ ရေမလှယ်နိုင်သည့် အုတ်ကန်၊ ရေစည်၊ ရေကန်များတွင် ခြင်လောက်လမ်းစားငါးထည့်ရန် (သို့မဟုတ်) ခြင်လောက်လန်းသတ်ဆေး Abate ခတ်ရန်။

  • ခြင်ဆေးမှုတ်ခြင်း

 သွေးလွန်တုပ်ကွေးလူနာရှိသည့်အိမ်နှင့် ၎င်းကလေးတက်သည့် ကျောင်း၏ ပတ်ဝန်းကျင် ကိုက် ၁၀၀ အတွင်းရှိသော အိမ်များတွင် ဆေးမှုတ်သင့်ပါသည်။ ခြင်နှင့် ပိုးသတ်ဆေးမှုန့်များ လေထဲတွင်တွေ့မှ ခြင်သေသည်။ စက်မှမှုတ်ထုတ်လိုက်သော ပိုးသတ်ဆေးသည် လေထဲတွင် တစ်နာရီခန့်သာ ပျံဝဲနိုင်သည်။ သွေးလွန်တုပ်ကွေး ကာကွယ်သည့်အနေဖြင့် ကြိုတင်ဆေးမှုတ်ပါက ဆေးမှုတ်ပြီးပြီဖြစ်၍ သွေးလွန်တုပ်ကွေး ကာကွယ်ပြီးပြီဟူသော လွဲမှားသည့် ယုံကြည်စိတ်ချမှုများ လက်ခံသွားပါက အမှန်တကယ် လိုအပ်သည့် ခြင်လောက်လမ်း နှိမ်နင်းရေးကို မေ့လျော့မိနိုင်သောကြောင့် အန္တရာယ်ပိုကြီးပါသည်။