စပါးအသင်းသည် ဇွန် ၁ ရက်တွင်ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ ကြာသပတေးနေ့နှင့် သောကြာနေ့တွင် ရီးယဲလ်အသင်း၏ လေ့ကျင့်ရေးကွင်းကို အသုံးပြုမည်ဖြစ်ရာ ပိုချက်တီနိုက စပိန်အခြေစိုက် Cadena Cope ရေဒီယိုနှင့် အင်တာဗျူးတွင် ယင်းကွင်း၌ ညဘက်အိပ်စက်ခွင့်ရရန် တောင်းဆိုသော်လည်း ပယ်ချခံခဲ့ရကြောင်း နောက်ပြောင်ပြောကြားခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်း၏ လေ့ကျင့်ရေးကွင်း၌ ညအိပ်ခွင့်ပြုရန်တောင်းဆိုမှု ပယ်ချခံရသည်ဆိုသည့် စပါးအသင်းနည်းပြ ပိုချက်တီနို၏ မှတ်ချက်စကားနှင့်ပတ်သက်၍ ရီးယဲလ်အသင်းက ကြေညာချက်ထုတ်ပြန် ကာ ငြင်းဆန်ခဲ့ကြောင်း သိရသည်။
စပါးအသင်းသည် ဇွန် ၁ ရက်တွင်ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ ကြာသပတေးနေ့နှင့် သောကြာနေ့တွင် ရီးယဲလ်အသင်း၏ လေ့ကျင့်ရေးကွင်းကို အသုံးပြုမည်ဖြစ်ရာ ပိုချက်တီနိုက စပိန်အခြေစိုက် Cadena Cope ရေဒီယိုနှင့် အင်တာဗျူးတွင် ယင်းကွင်း၌ ညဘက်အိပ်စက်ခွင့်ရရန် တောင်းဆိုသော်လည်း ပယ်ချခံခဲ့ရကြောင်း နောက်ပြောင်ပြောကြားခဲ့ခြင်းဖြစ်သည်။
" Valdedebas မှာရှိတဲ့ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့မနေပါဘူး။ အဲဒီကွင်းနားမှာရှိတဲ့ ဟိုတယ်မှာပဲနေဖြစ်မှာပါ။ ကျွန်တော်တို့မေးခဲ့တယ်။ အဲဒီအကြောင်းကို မေးခဲ့ပေမဲ့ ဖလော်ရင်တီနို (ရီးယဲလ်အသင်းဥက္ကဋ္ဌ) က သူတို့ ခွင့်မပြုနိုင်ဘူးလို့ပြောတယ်။ မက်ဒရစ်မှာ နည်းပြလုပ်တဲ့နေ့ကျမှ ဒီနေရာမှာ အိပ်ခွင့်ရမယ်လို့ သူပြောလိမ့်မယ်ထင်တယ် (ရယ်လျက်)" ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
ယင်းမှတ်ချက်စကားနှင့်ပတ်သက်၍ ရီးယဲလ်အသင်းက တုံ့ပြန်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး စပါးအသင်းထံမှ တောင်းဆိုမှု လက်ခံရရှိခဲ့ခြင်းမရှိကြောင်း ဖော်ပြထားသည်။ " ချန်ပီယံလိဂ်ဗိုလ်လုပွဲ မတိုင်မီ Ciudad de Real Madrid ကွင်း၌ နေထိုင်ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ မော်ရီစီယိုပိုချက်တီနို၏ပြောကြားမှုအတွက် အံ့အားသင့်မိပါသည်။ ယင်းကဲ့သို့ တောင်းဆိုသည်ဆိုခြင်းမှာ မှန်ကန်မှု လုံးဝမရှိကြောင်း အသိပေးအပ်ပါသည်" ဟု ဖော်ပြထားသည်။