အာဆင်နယ်အသင်း ယူရိုပါလိဂ်ဗိုလ်လုပွဲတက်လျှင် မစ်ခီတာရီယန် ဗီဇာရရှိရန် UEFA ကူညီမည်

အာဆင်နယ်အသင်း ယူရိုပါလိဂ်ဗိုလ်လုပွဲတက်လျှင် မစ်ခီတာရီယန် ဗီဇာရရှိရန် UEFA ကူညီမည်
Photos: Getty Images
Photos: Getty Images
Published 5 May 2019

အာဆင်နယ်အသင်း ယခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်နိုင်ပါက အာမေးနီးယားကွင်းလယ်လူ မစ်ခီတာရီယန် ပြည်ဝင်ခွင့် ဗီဇာရရှိရန် ဥရောပဘောလုံးအဖွဲ့ ချုပ် (UEFA) က ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေ ၂၉ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့ရှိ အိုလံပစ်အားကစား ကွင်း၌ ကျင်းပမည်ဖြစ်သည်။ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံသည် နာဂေါ်နို-ကာရာဘက်ဒေသ  အငြင်းပွားမှုပြဿနာကြောင့် နှစ် နိုင်ငံအကြား သံတမန်ဆက်ဆံရေး မရှိကြောင်း သိရသည်။ သို့ဖြစ်ရာ မစ်ခီတာရီယန်သည် ယခုရာသီ ယူရိုပါလိဂ်အုပ်စုပွဲအဖြစ် အဇာဘိုင် ဂျန်ကလပ် ကာရာဘတ်အသင်းနှင့် အဝေးကွင်းပွဲကို လွဲချော်ခဲ့ကြောင်း  သိရသည်။

၎င်းအား အဇာဘိုင်ဂျန်သို့ ပြည်ဝင်ခွင့်ပြုရန်အတွက် စာရွက်စာတမ်းများလိုအပ်ကြောင်း ဒေသအာဏာပိုင်များက ထုတ်ပြန်ခဲ့သောကြောင့် အာဆင်နယ်အသင်းကလည်း အောက်တိုဘာလအတွင်း ကာရာဘတ် အသင်းနှင့် အဝေးကွင်းပွဲတွင် မစ်ခီတာရီယန်အတွက် ဗီဇာ လျှောက်ထားခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့တွင် ဗလင်စီယာအသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရထားပြီး ဒုတိယအကျော့ပွဲကို မေ ၉ ရက်တွင် ဗလင်စီယာအသင်း၏ကွင်း၌ သွားရောက် ကစားရမည်ဖြစ်သည်။ အကယ်၍ အာဆင်နယ်အသင်းအနေဖြင့် ဆီမီး ဖိုင်နယ်အဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ပါက မစ်ခီတာရီယန် ဗီဇာရရှိရန် အတွက် UEFA က ကြားဝင်ကူညီ ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

မစ်ခီတာရီယန်သည် ဒေါ့မွန်အသင်း၌ကစားစဉ် ၂၀၁၅ ခုနှစ်ကလည်း အဇာဘိုင်ဂျန်ကလပ် ဂါဘာလာအသင်းနှင့်ပွဲကို လုံခြုံရေးစိတ်မချရသဖြင့် လွဲချော်ခဲ့ဖူးကြောင်း သိရသည်။

 

Most Read

Most Recent