လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီအား ခေါ်ယူရန် မန်ယူအသင်း စီစဉ်နေ

လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီအား ခေါ်ယူရန် မန်ယူအသင်း စီစဉ်နေ
Photo: AFP/Getty Images
Photo: AFP/Getty Images
Published 4 May 2019

မန်ယူအသင်းနည်းပြဆိုးလ်ရှားသည် အားနည်းနေသည့် အသင်း၏တိုက်စစ်ကို အားဖြည့်ရန်အတွက် အသက် (၂၂)နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး မူဆာဒမ်ဘီလီကို သဘောကျနေခြင်း ဖြစ်သည်။

မန်ယူအသင်းသည် လိုင်ယွန်အသင်းတိုက်စစ်မှူး မူဆာဒမ်ဘီလီအား ခေါ်ယူရန် ဆက်သွယ်မှုများပြုလုပ်လျက်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။

မန်ယူအသင်းနည်းပြဆိုးလ်ရှားသည် အားနည်းနေသည့် အသင်း၏တိုက်စစ်ကို အားဖြည့်ရန်အတွက် အသက် (၂၂)နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး မူဆာဒမ်ဘီလီကို သဘောကျနေခြင်း ဖြစ်သည်။

မူဆာဒမ်ဘီလီသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကမှ ဆဲလ်တစ်အသင်းမှ လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုရာသီလိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံပွဲ (၄၀)တွင် (၁၇)ဂိုးသွင်းယူထားသူဖြစ်သည်။

လိုင်ယွန်အသင်းသည် ပြီးခဲ့သည့်ရာသီက မူဆာဒမ်ဘီလီကို ဆဲလ်တစ်အသင်းမှ ခေါ်ယူခဲ့စဉ်က ပေါင်သန်း (၂၀)သာပေးချေခဲ့ရသော်လည်း ပြင်သစ်သတင်းစာ L'Equipe က လက်ရှိတွင် ၄င်း၏တန်ကြေးမှာ ပေါင် (၄၃)သန်းရှိကြောင်း ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် လာမည့်ရာသီတွင် အသင်းကိုပြန်လည်တည်ဆောက်ရန် စီစဉ်နေပြီး အသင်းတိုက်စစ်ကစားသမားများဖြစ်သည့် ဆန်းချက်ဇ်၊ လူကာကူတို့အပြင် မာစီယဲလ်မှာလည်း အသင်းနှင့်လမ်းခွဲဖွယ်ရှိနေကြောင်း Daily Mail ကဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ဆန်းချက်ဇ်အား လစာတစ်ဝက်စိုက်ပေးကာ ရောင်းထုတ်ရန်စီစဉ်နေသလို၊ လူကာကူမှာလည်း စီးရီးအေတွင် ကစားလိုသည်ဟု ပြောကြားထားသည်။

မာစီယဲလ်မှာမူ ယခုရာသီတွင် မန်ယူအသင်းနှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုထားသော်လည်း ခြေစွမ်းမပြနိုင်သည့်အတွက် လမ်းခွဲဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent