ချယ်လ်ဆီးနှင့်ပွဲတွင်အမှားလုပ်ခဲ့သည့် ဒီဟေးယားအား အရန်ခုံပို့ပြီး ဒုတိယ ဦးစားပေးဂိုးသမားဖြစ်သူ ရိုမဲရိုးကိုအခွင့်အရေးပေးရန် ပရိသတ်များတောင်းဆို

ချယ်လ်ဆီးနှင့်ပွဲတွင်အမှားလုပ်ခဲ့သည့် ဒီဟေးယားအား အရန်ခုံပို့ပြီး ဒုတိယ ဦးစားပေးဂိုးသမားဖြစ်သူ ရိုမဲရိုးကိုအခွင့်အရေးပေးရန် ပရိသတ်များတောင်းဆို
Photos : Skysports, Action Images
Photos : Skysports, Action Images
Published 30 April 2019

မန်ယူအသင်း၏ပရိသတ်များသည် ချယ်လ်ဆီးအသင်းနှင့်ပွဲစဉ်၌ ချေပဂိုးဖြစ်စေမည့် အမှားအယွင်းကို ကျူးလွန်ခဲ့သည့် ဂိုးသမား ဒီဟေးယားအား အရန်ခုံသို့ပို့ပြီး ဒုတိယဦးစားပေးဂိုးသမားဖြစ်သူ ရိုမဲရိုးကို အခွင့်အရေးပေးရန် တောင်းဆိုခဲ့ကြသည်။

မန်ယူအသင်းသည် ယင်းပွဲတွင် ချယ်လ်ဆီးကွင်းလယ်လူဟောင်း မာတာ၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ရူဒီဂါ၏ အဝေးကန်ချက်ကို ဒီဟေးယား၏ ကာကွယ်ပုံအားနည်းမှုကြောင့် အံထွက်လာသည့် ဘောလုံးအား မားကို့စ်အလွန်ဆိုက ချေပဂိုးအဖြစ် ပြန်လည်သွင်းယူခြင်းကို ခွင့်ပြုခဲ့ရသည်။ 

ဒီဟေးယားသည် မကြာသေးမီကလည်း မက်ဆီ၊ ဆာနေးတို့၏ ကန်ချက်များတွင် သူ၏အမှားများကြောင့် ဂိုးများပေးခဲ့ရပြီး ယခုအမှားမှာ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်(၄)ပွဲတွင် (၃)ကြိမ်မြောက် အမှားလည်းဖြစ်သည်။

ထို့အတွက်ကြောင့် ပွဲအပြီးတွင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း၌ ပရိသတ်အချို့က သူ၏အမည်ကိုအော်ဟစ်ကာ လှောင်ပြောင်ခဲ့ကြသလို၊ လူမှုကွန်ရက်မီဒီယာများတွင်လည်း ရိုမဲရိုးကိုအခွင့်အရေးပေးရန် တောင်းဆိုမှုများ ရှိလာခဲ့ခြင်းဖြစ်သည်။ 

ပရိသတ်တစ်ဦးက ''ဆိုးလ်ရှားက ဒီဟေးယားရဲ့အမှားတွေကို ဘာကြောင့်နားလည်မှုပေးပြီး ချယ်လ်ဆီးနဲ့ပွဲမှာသုံး ခဲ့သလဲဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာက  အခုအချိန်မှာ အကောင်းဆုံးအနေအ ထားမှာ မရှိဘူး။ ဒါကြောင့်ရိုမဲရိုးကို ပွဲထွက်ခွင့်ပြန်ပေးသင့်နေပါပြီ''ဟု ဆိုခဲ့သလို၊ ကမ္ဘာပေါ်တွင် အကောင်းဆုံး နံပါတ် (၂)ဂိုးသမားဖြစ်သူ ရိုမဲရိုးကို ၎င်းနေရာတွင် အစားထိုးသင့်ပြီဆို သည့် ဆွေးနွေးမှုအများအပြားရှိခဲ့ကြောင်းလည်း တွေ့ရှိရသည်။ 

Most Read

Most Recent