အွန်နရီအပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၅)ရာသီဆက် ဂိုး(၂၀)နှင့်အထက် သွင်းယူသော ပထမဆုံးကစားသမားအဖြစ် အဂွဲရိုး မှတ်တမ်းဝင်

အွန်နရီအပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၅)ရာသီဆက် ဂိုး(၂၀)နှင့်အထက် သွင်းယူသော ပထမဆုံးကစားသမားအဖြစ် အဂွဲရိုး မှတ်တမ်းဝင်
Photos : AFP
Photos : AFP
Published 29 April 2019

မန်စီးတီးအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် ပြီးခဲ့ သည့်တနင်္ဂနွေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဘန်လေ (၀-၁) မန်စီးတီးပွဲ၌ အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူခဲ့သည်။

ယင်းဂိုးမှာ ယခုရာသီတွင် အဂွဲရိုးအတွက် (၂၀)ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်ခဲ့ပြီး (၂၀၁၄-၁၅ ရာ သီမှစတင်၍) နောက်ဆုံး(၅)ရာသီဆက် ဂိုး(၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ယခင်က ယင်းကဲ့သို့ စံချိန်မျိုးရယူခဲ့ဖူးသူမှာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီတစ်ဦး တည်းသာရှိခဲ့သည်။

အွန်နရီသည် ၂၀၀၁-၀၂ ဘောလုံးရာသီမှ ၂၀၀၅-၀၆ ဘောလုံးရာသီအထိ (၅)ရာသီအတွင်း ရာသီတိုင်း ဂိုး(၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အဂွဲရိုးသည် ၂၀၁၁-၁၂ ဘော လုံးရာသီမှစတင်၍ မန်စီးတီးအသင်းတွင် ကစားခဲ့သူဖြစ်ပြီး ရာသီတိုင်း အ သင်း၏ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့သလို ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ (၃၁)ဂိုးသွင်းယူပေးထားသည်။

မန်စီးတီးတွင် အဂွဲရိုး၏ သွင်းဂိုးမှတ်တမ်း

ရာသီ        လိဂ်ဂိုး    ပြိုင်ပွဲစုံဂိုး

၂၀၁၁-၁၂        ၂၃ ဂိုး    ၃၀ ဂိုး

၂၀၁၂-၁၃        ၁၂ ဂိုး    ၁၇ ဂိုး

၂၀၁၃-၁၄        ၁၇ ဂိုး    ၂၈ ဂိုး

၂၀၁၄-၁၅        ၂၆ ဂိုး    ၃၂ ဂိုး

၂၀၁၅-၁၆        ၂၄ ဂိုး    ၂၉ ဂိုး

၂၀၁၆-၁၇        ၂၀ ဂိုး    ၃၃ ဂိုး

၂၀၁၇-၁၈        ၂၁ ဂိုး    ၃၀ ဂိုး

၂၀၁၈-၁၉        ၂၀ ဂိုး    ၃၁ ဂိုး

Most Read

Most Recent