ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 29 April 2019

ဘက်တစ် နှင့် အက်စ်ပန်ညို (အင်္ဂါနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးသချင်္ာနည်းအရ ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက် ခပ်မှိန်မှိန်ကို အသက်ဆက်သွင်းထားနိုင်ဖို့ပဲ ကြိုးစားကြမယ့်ပုံပါပဲ။ ဒီပွဲတော့ အိမ်ကွင်း၊ အဝေးကွင်းအနေအထားက စကားပြောသွားမယ်ထင်တယ်။ ဘက်တစ်နဲ့ ဂိုးအများပါပဲ။

အတ္တလန်တာ နှင့် အူဒီးနီးစ် (တနင်္လာည ၁၁း၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ တန်းမဆင်းရရေးမျှော်လင့်ချက်နှစ်ခု စီးချင်းထိုးမယ့်ပွဲပါပဲ။ အတ္တလန်တာက နာပိုလီကို အဝေးကွင်းမှာ အနိုင်ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပိုပြီး အားကောင်းလာပါပြီ။ တစ်ချိန်တုန်းက စီးရီးအေထိပ်သီးအသင်းတွေကို ဒုက္ခပေးနိုင်ခဲ့တဲ့ အူဒီးနီးစ်ဟာ ဒီရာသီမှာ တန်းဆင်းဇုန်ထဲ နစ်မွန်းနေပြီး အဝေးကွင်းနောက်ဆုံး (၁၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားလို့လည်း အတ္တလန်တာဆီက တစ်မှတ်ထက် ပိုပြီးမျှော်လင့်လို့မရဘူး။ အတ္တလန်တာ (၂)ဂိုးပြတ်နိုင်မယ်။

ဖီအိုရင်တီးနား နှင့် ဆာဆူအိုလို (အင်္ဂါနံနက် ၁း၃၀ နာရီ)

နိုင်ပွဲမရသေးပေမယ့် နည်းပြသစ် မွန်တဲလားလက်ထက်မှာ ဖီအိုရင်တီးနားကစားပုံ တိုးတက်နေပါတယ်။ ပြီးခဲ့တဲ့ဂျူဗင် တပ်စ်နဲ့ပွဲမှာ ဖီအိုရင်တီးနား တိုက်စစ်ကစားပုံကောင်းမွန်ခဲ့ပြီး ဂိုးကံခေခဲ့လို့ ရလဒ်မကောင်းခဲ့တာပါ။ ဆာဆူအိုလိုက အရေးပေါ်အမှတ်မလိုအပ်သေးသလို၊ နောက်ဆုံး (၃)ပွဲဆက်သရေကျထားလို့ ဖီအိုရင်တီးနား ကပ်အနိုင်ရသွားပါမယ်။ 

 

Most Read

Most Recent