၂၀၁၉ World MMA Awards ဆုအမျိုးအစား(၂)ခု၌ အောင်လအန်ဆန် ဆန်ခါတင်(၅)ဦးစာရင်းဝင်နေပြီး ပရိသတ်များ၏ ဆန္ဒမဲဖြင့်ရွေးချယ်မည်

၂၀၁၉ World MMA Awards ဆုအမျိုးအစား(၂)ခု၌ အောင်လအန်ဆန် ဆန်ခါတင်(၅)ဦးစာရင်းဝင်နေပြီး ပရိသတ်များ၏ ဆန္ဒမဲဖြင့်ရွေးချယ်မည်
Photo : Aung La Nsang Facebook
Photo : Aung La Nsang Facebook
Published 27 April 2019

မြန်မာ MAAနာမည်ကြီးအားကစားသမား အောင်လအန်ဆန်သည် ဆုအမျိုးအစား(၂)ခု၌ ဆန်ခါတင်(၅)ဦးစာရင်းဝင်နေကြောင်း သိရသည်။

အောင်လအန်ဆန်အနေဖြင့် တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆု(Charles ''Mask'' Lewis Fighter of the Year)၊ တစ်နှစ်တာနိုင်ငံတကာအကောင်းဆုံးအားကစားသမားဆု(International Fighter of the Year)စသည့် ဆုနှစ်ခုစလုံး၌ ဆန်ခါတင်(၅)ဦးစာရင်းဝင်နေခြင်းဖြစ်သည်။

Fighter of th Year ဆုတွင် ONE Championship ပြိုင်ပွဲ လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်အပါအဝင် နာမည်ကျော် ခါဘစ်(UFC)၊ မူဆာဆီ(Bellator)၊ ပွိုင်ရီယာ(UFC)၊ ကော်မီယာ(UFC) တို့ ပါဝင်နေပြီး InternaInternational Fighter of the Year ဆုတွင်မူ အောင်လအန်ဆန်(ONE)၊ ခါဘစ်(UFC)၊ မူဆာဆီ(Bellator) တို့အပြင် UFC မှ အူစမန်၊ အာဒေးဆန်ညာတို့ ဆန်ခါတင်စာရင်းဝင်လျက်ရှိသည်။

World MMA Awards ဆုကို Fighters Only မဂ္ဂဇင်းမှ ၂၀၀၈ ခုနှစ်ကစတင်ကာ ကမကထပြုချီးမြှင့်ပြီး MMA အားကစားလောကတွင် သြဇာတိက္ကမအကြီးမားဆုံးဆုချီးမြှင့်ပွဲလည်း ဖြစ်သည်။

၂၀၁၉ ဆုချီးမြှင့်ပွဲတွင် အောင်လအန်ဆန် ဆန်ခါတင်စာရင်းဝင်နေသည့် ဆုနှစ်ခုအပါအဝင် ဆုအမျိုးအစားပေါင်း (၂၂)မျိုးအထိ ချီးမြှင့်မည်ဖြစ်သည်။

ဆုများကို ပရိသတ်များ၏ Online Voting စနစ်ဖြင့် ရွေးချယ်ဆုံးဖြတ်မည်ဖြစ်ပြီး ဧပြီလ(၂၅)ရက်နေ့မှစတင်ကာ အောက်ပါလင့်  https://www.worldmmaawards.com/vote တွင် မဲပေးနိုင်ကြောင်း သိရသည်။

Most Read

Most Recent