ဧပြီလ (၂၅) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဂီတာဖေး (၀-၀) ရီးယဲလ်မက်ဒရစ်ပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် "ပီရက်ဇ်။ အခု ထွက်သွားပါ"ဆိုသည့် စာတန်းကို ကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် ဂီတာဖေးနှင့်ပွဲတွင် အသင်းဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
ဧပြီလ (၂၅) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဂီတာဖေး (၀-၀) ရီးယဲလ်မက်ဒရစ်ပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် "ပီရက်ဇ်။ အခု ထွက်သွားပါ"ဆိုသည့် စာတန်းကို ကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယင်းစာတန်းကို ဂီတာဖေးအသင်းကွင်းလုံခြုံရေးတာဝန်ရှိသူများက အလျင်အမြန်ဖယ်ရှားခဲ့ကြကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် ယခုရာသီတွင် အသင်းရလဒ်များဆိုးရွားပြီး ဆုဖလားများကိုစိန်ခေါ်နိုင်ခြင်းမရှိသည့်အတွက် အလွန်စိတ်ပျက်နေကြပြီး အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကို ရာထူးမှနုတ်ထွက်ပေးရန် ဆက်တိုက်တောင်းဆိုနေကြခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် ဧပြီလ (၁၆) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် လီဟာနက်စ် (၁-၁) ရီးယဲလ်မက်ဒရစ်ပွဲတွင်လည်း ယခုရာသီ အသင်းကျဆုံးမှုများ၏ အဓိကတရားခံမှာ ပီရက်ဇ်ဖြစ်သည်ဆိုသောသဘောဖြင့် "အပြစ်တင်ရမှာက ဖလိုရန်တီနို(ပီရက်ဇ်) ဖြစ်သည်"ဆိုသည့် စာတန်းကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်းလည်း သိရသည်။