လီဗာပူးလ်နှင့် စပါးတို့ ချန်ပီယံလိဂ်မတိုင်မီ အနားရစေရန် ရက်များပြောင်းလဲ

လီဗာပူးလ်နှင့် စပါးတို့ ချန်ပီယံလိဂ်မတိုင်မီ အနားရစေရန် ရက်များပြောင်းလဲ
Photos: AFP
Photos: AFP
Published 21 April 2019

 

ပရီးမီးယားလိဂ်ပြိုင်ပွဲသည် လီဗာပူးလ် နှင့် စပါးအသင်းတို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အတွက် ပြင်ဆင်မှုနှင့် အနားယူချိန် ပိုမိုရရှိစေရန် ပွဲစဉ် (၃၇) မှ ပွဲအချို့ကို ရက်ပြောင်းလဲကစားစေမည်ဖြစ်ကြောင်း မနေ့က အတည်ပြုထုတ်ပြန်ခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် မေ (၇) ရက်တွင် ဘာစီလိုနာအသင်းနှင့် အိမ်ကွင်း ကစားရမည်ဖြစ်ပြီး စပါးအသင်းမှာလည်း မေ (၈) ရက်တွင် အေဂျက်စ်အသင်းနှင့် အဝေးကွင်း သွားရောက်ကစားရမည်ဖြစ်သည်။ 

မူလရေးဆွဲထားသည့်ပွဲစဉ်အရ လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) အဖြစ် မေ (၅) ရက်တွင် နယူးကာဆယ်အသင်း နှင့် အဝေးကွင်း၊ စပါးအသင်းသည် မေ (၆) ရက်တွင် ဘုန်းမောက်အသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်သော်လည်း ပရီးမီးယားလိဂ် တာဝန်ရှိသူများက ယင်းနှစ်ပွဲစလုံးကို မေ (၄) ရက် (စနေနေ့) သို့ ပြောင်းလဲကစားစေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ယူရိုပါလိဂ် ပြိုင်ပွဲကစားရမည့် ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့၏ပွဲများကိုလည်း အပြောင်းအလဲပြုလုပ်မည်ဖြစ်ပြီး ဆီမီးဖိုင်နယ် ပထမအကျော့အပြီးတွင် ကစားရမည့်ပွဲများကို မေ (၄) ရက်မှ မေ (၅) ရက်သို့ တစ်ရက်နောက်ဆုတ်၍ ယှဉ်ပြိုင်ကစားစေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent