အမေရိကန်ဂေါ့ဖ်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် တစ်ဦးချင်းနှင့်အသင်းလိုက် ချန်ပီယံဆုရ

အမေရိကန်ဂေါ့ဖ်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် တစ်ဦးချင်းနှင့်အသင်းလိုက် ချန်ပီယံဆုရ
Photos: CAA,MGF
Photos: CAA,MGF
Published 17 April 2019

 

အမေရိကန်နိုင်ငံ၌ ပညာသင်ကြားနေသည့် မြန်မာဂေါ့ဖ်အားကစားမယ် ဖူးပွင့်ရတီခိုင်သည် အမေရိကန်ဂေါ့ဖ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။

ဖူးပွင့်ရတီခိုင်သည် ဧပြီ (၁၂) ရက်မှ (၁၄) ရက်အထိကျင်းပခဲ့သည့် CAA Women's Golf Championship USA 2019 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ဖူးပွင့်ရတီခိုင်သည် ၎င်းပညာသင်ကြားနေသည့် University of North Carolina Wilmington (UNCW) ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အသင်းလိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်သလို အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင်လည်း ချန်ပီယံဆုထပ်မံရရှိခဲ့သည်။

ဖူးပွင့်ရတီခိုင်သည် UNCW ကိုယ်စားပြုယှဉ်ပြိုင်သော်လည်း မြန်မာနိုင်ငံသားအနေဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent