လိပ်ကျွန်းလူသတ်မှု၏အတွက် အယူခံရက် ထပ်တိုးတောင်းဆိုမှုကို တရားရုံးက လက်ခံခဲ့ပြီး ဧပြီ ၂၂ ရက် နောက်ဆုံးထား အယူခံတင်သွင်းမည်

လိပ်ကျွန်းလူသတ်မှု၏အတွက် အယူခံရက် ထပ်တိုးတောင်းဆိုမှုကို တရားရုံးက လက်ခံခဲ့ပြီး ဧပြီ ၂၂ ရက် နောက်ဆုံးထား အယူခံတင်သွင်းမည်
Published 10 July 2017

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုမှ သေဒဏ်ကျ မြန်မာနိုင်ငံသားနှစ်ဦးအတွက် အယူခံကာလကို ထပ်တိုးတောင်းဆိုမှုအား တရားရုံးမှ လက်ခံခဲ့သဖြင့် လာမည့် ဧပြီ ၂၂ ရက်မတိုင်ခင် အယူခံတင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ အယူခံကာလ ထပ်မံတိုးတောင်းမှုမှာ လေးကြိမ်မြောက်ဖြစ်ပြီး ယခင် သတ်မှတ်ထားသည့် အယူခံရက် နောက်ဆုံးမှာ မတ် ၂၄ ရက်ဖြစ်သည်။ ထိုင်းရှေ့နေများ ကောင်စီနှင့် မြန်မာနိုင်ငံဥပဒေပညာရှင်များ ပူးပေါင်းပြီး သေဒဏ် ချမှတ်ခံထားရသည့် ဝင်းနှင့် ဇော်တို့အတွက် အယူခံတင်သွင်းရန် စီစဉ်နေမှုမှာ ရာခိုင်နှုန်း ၉၀ ခန့် ပြီးစီးပြီဖြစ်သော်လည်း ဥပဒေအရ ပိုမိုတိကျစွာ ဆောင်ရွက်နိုင်ရန် ထိုသို့ အယူခံရက်ကို ထပ်မံတောင်းဆိုရခြင်းဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြောကြားသည်။

ဦးအောင်မျိုးသန့်က “အယူခံကာလ ထပ်တိုးတောင်းတာ လေးကြိမ်မြောက်ပေါ့။ ဧပြီ ၂၂ ရက်ထိ အချိန်ရပါတယ်။ ဘာလို့လဲဆိုတော့ အခုအယူခံကိစ္စမှာ မြန်မာနိုင်ငံ ဥပဒေပညာရှင်တွေနဲ့ ထိုင်းရှေ့နေများ ကောင်စီတို့ ပူးပေါင်းဆောင်ရွက်နေတာပါ။ အခုလောလောဆယ် ဒီနေ့အထိ အယူခံကိစ္စက ရာခိုင်နှုန်း ၉၀ လောက် စီစဉ်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကြားထဲမှာ အချိန်ထပ်ရမယ်ဆိုရင် အယူခံကိစ္စက ပိုပြီးကောင်းမွန်အောင် ဆောင်ရွက်လို့ရလို့ ဒီအယူခံရက်ကို ထပ်တောင်းရခြင်း ဖြစ်ပါတယ်။ အဲဒီလိုတောင်းတော့ တရားရုံးက ခွင့်ပြုတဲ့အတွက် ဒီအယူခံကို ရာခိုင်နှုန်းပြည့်ကောင်းမွန်တဲ့ အယူခံကို တင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု မတ် ၂၁ ရက်က ပြောကြားသည်။

Most Read

Most Recent