သြင်္ကန်ကာလတွင် ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့ လူနာ ၈၆၀ ခန့် ရောက်ရှိသည့်အနက် ၃၀၀နီးပါးမှာ ယာဉ်မတော်တဆမှုကြောင့်ဖြစ်

သြင်္ကန်ကာလတွင် ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့ လူနာ ၈၆၀ ခန့် ရောက်ရှိသည့်အနက် ၃၀၀နီးပါးမှာ ယာဉ်မတော်တဆမှုကြောင့်ဖြစ်
Published 10 July 2017

ယခုနှစ် သြင်္ကန်ကာလအတွင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာ အထူးကုဌာနသို့ ရေကစားမှုအပြင် အခြား ထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် လူနာ ၁၃၀ ကျော် ပိုများခဲ့ပြီး ယခုနှစ်အတွင်း လူနာဦးရေ ၈၆၀၊ သေဆုံးလူနာ သုံးဦးရှိခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာအေးကိုကို၏ ပြောကြားချက်အရ သိရသည်။

သြင်္ကန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည့် လူနာများအနက် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်းနှင့်၂၀၁၆ ခုနှစ် သြင်္ကန်အကြိုနေ့တွင် အတွင်း/အပြင်လူနာ ၁၅၈ ဦး၊ သြင်္ကန်အကျနေ့တွင် ၁၅၄ ဦး၊ သြင်္ကန်ပထမအကြတ်နေ့တွင် ၁၇၂ ဦး၊ သြင်္ကန်ဒုတိယအကြတ်နေ့တွင် ၁၈၀ ဦး၊ သြင်္ကန်အတက်နေ့တွင် ၁၉၆ ဦး စုစုပေါင်း လူနာဦးရေ ၈၆၀ ခန့် ရောက်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent