အီတလီစီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 6 October 2018

 

ကာဂလီယာရီ နှင့်  ဘိုလော့ဂ်နာ (စနေည ရး၃၀ နာရီ)

နှစ်သင်းစလုံးရာသီအစမှာ မတည်ငြိမ်ဘဲ ရုန်းကန်နေရတယ်။ ဘိုလော့ဂ်နာရဲ့ စုဖွဲ့မှုနဲ့ ကစားအားပိုပြီးကောင်းမွန်ပေမယ့် ကာဂလီယာရီကွင်းမှာ တစ်မှတ်ထက်ပိုမရနိုင်ပါဘူး။ ကာဂလီယာရီ အိမ်ကွင်းမှာ ပထမဆုံးနိုင်ပွဲရမယ်။

အူဒီးနီးစ် နှင့်  ဂျူဗင်တပ်စ် (စနေည ၁ဝး၃၀ နာရီ)

စီရော်နယ်လ်ဒိုရဲ့ တစ်ကိုယ်တော်သွင်းဂိုးများစွာကို မမြင်ရသေးပေမယ့် ဂျူဗင်တပ်စ်က လက်ရှိရာသီစီးရီးအေပြိုင်ပွဲမှာ သွင်းဂိုးအများဆုံး ဖြစ်နေပါတယ်။ စီရော်နယ်လ်ဒိုကို အာရုံပိုစိုက်နေချိန်မှာ မန်ဇူကစ်အတွက် အခွင့်အရေးတွေ ပိုရလာပါတယ်။ ဒီပုံစံနဲ့ ဂျူဗင်တပ်စ်တိုက်စစ် ထက်မြက်နေတာပါပဲ။ အူဒီးနီးစ် ယိမ်းယိုင်နေလို့ ဒီပွဲမှာ ရလဒ်ကောင်းကို မျှော်လင့်နေပါလိမ့်မယ်။ ဒါပေမဲ့ တစ်မှတ်ထက်ပိုမရပါဘူး။

အမ်ပိုလီ နှင့်  ရိုးမား (တနင်္ဂနွေနံနက် ၁းဝ၀ နာရီ)

စီးရီးအေမှာ (၂)ပွဲဆက်အနိုင်ရခဲ့ပြီး ဖိအားတွေအောက်ကနေ ရိုးမား ရုန်းထွက်နိုင်ခဲ့ပြီလို့ ယေဘုယျသုံးသပ်ရပါမယ်။ ဒါပေမဲ့ ရိုးမားမှာ ပင်တိုင်ဂိုးသွင်းမယ့်သူမရှိဘူး။ ဂျက်ကိုကလည်း စီးရီးအေမှာ ဂိုးရဖို့ရုန်းကန်နေရပြီး ကိုလာရော့ဗ်၊ ဖာဇီယိုတို့က သွင်းဂိုးတွေအတွက် ဖြည့်ဆည်းပေးနေရတယ်။ အမ်ပိုလီက အမှတ်ပေးဇယားအောက်ဆုံးနားမှာ နစ်မွန်းနေပါတယ်။ ဒါပေမဲ့ ရိုးမားဆီက တစ်မှတ်ရသွားနိုင်တယ်။

 

 

 

 

 

Most Read

Most Recent