စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 6 October 2018

ဟီရိုနာ နှင့် အီဘာ (စနေညနေ ၅း၃၀ နာရီ)

ဟီရိုနာရဲ့ ဒီရာသီခြေစွမ်းကပုံမှန်မရသေးဘူး။ အီဘာကလည်း ဟုတ်မလိုလိုနဲ့ နောက်ဆုံး (၂)ပွဲဆက်ရှုံးပြီး ရုန်းကန်နေရတယ်။ အထူးသဖြင့် အဝေးကွင်းတွေမှာ အီဘာရဲ့ခံစစ်ကစိတ်မချရသေးလို့ ဟီရိုနာအတွက် အခွင့်အရေးပိုရှိနေတာအမှန်ပဲ။ ဟီရိုနာနဲ့ ဂိုးအနည်းပဲကောင်းမယ်ထင်တယ်။

ဂီတာဖေး နှင့် လီဗန်တေး (စနေည ၈း၄၅ နာရီ)

မထင်မှတ်တဲ့ ရလဒ်အလှည့်အပြောင်းတွေထွက်နေတဲ့ လီဗန်တေးထက်စာရင် ဂီတာဖေးရဲ့ခြေစွမ်းကပိုငြိမ်နေတယ်လို့ ပြောနိုင်တယ်။ အထူးသဖြင့် ဂီတာဖေးကစားပုံက အိမ်ကွင်းဆို ပိုငြိမ်သလိုတွေ့ရလို့ လီဗန်တေးကိုလည်းထိန်းကစားနိုင်ဖို့ မခက်လှပါဘူး။ ဂိုးနည်းသရေပွဲလို့ပဲထင်တယ်။

အလာဗတ်စ် နှင့် ရီးယဲလ်မက်ဒရစ် (စနေည ၁၁းဝ၀ နာရီ)

ဒီရာသီအစ မထင်မှတ်ဘဲခြေတွေ့နေပြီး ထိပ်ဆုံးနေရာက ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့နဲ့ (၃)မှတ်ပဲကွာတော့တဲ့ အလာဗတ်စ်ကိုလျှော့တွက်လို့မရဘူး။ အထူးသဖြင့် အလာဗတ်စ် ရဲ့ အိမ်ကွင်းကစားအားက ပိုမာကျောတယ်။ ရီးယဲလ်ကတော့ ပွဲတွေဆက်လာချိန်မှာ ဒဏ်ရာပြဿနာပါရှိနေလို့ ရုန်းကန်နေရသလို တွေ့ရတယ်။ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

လီဟာနက်စ် နှင့် ဗယ်လက်ကာနို (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ဗယ်လက်ကာနိုရဲ့ ခြေစွမ်းကအတော်လေးမှန်းရခက်တယ်။ အထူးသဖြင့် ဗယ်လက်ကာနိုရဲ့ ခံစစ်ကစားပုံက ပုံမှန်မရှိသေးသလိုဖြစ်နေပြီး လီဟာနက်စ်ရဲ့ အိမ်ကွင်းအားကိုလည်း ယှဉ်နိုင်ဖို့မရှိပါဘူး။ လီဟာနက်စ်နဲ့ ဂိုးအများပဲကောင်းမယ်။

 

 

 

Most Read

Most Recent