၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး ဖျက်သိမ်းပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူအား ပုဒ်မ ၁၉ ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်လချမှတ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး ဖျက်သိမ်းပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူအား ပုဒ်မ ၁၉ ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်လချမှတ်
Published 29 December 2017

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးမိုးသူအား ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပန်းဘဲတန်းမြို့နယ် တရားရုံးမှ ပုဒ်မ ၁၉ ဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးရန် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးမိုးသူအား နိုဝင်ဘာ ၁၄ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်မှူးက တရားလိုပြုလုပ်ကာ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ဦးမိုးသူသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးရန် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှုကို သိမ်ကြီးဈေးရှေ့မှ မဟာဗန္ဓုလ လမ်းအတိုင်း မြို့တော်ခန်းမရှေ့သို့ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး ဖျက်သိမ်းပေးရန်အတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုကို ဦးမိုးသူအနေဖြင့် ပြုလုပ်ရာ၌ သက်ဆိုင်ရာတာဝန်ရှိသူများအား အသိပေး အကြောင်းကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ထောင်ဒဏ်တစ်လ ချမှတ်ခံရသည့် ဦးမိုးသူမှာ ပုဒ်မ ၁၉ အရ အာမခံဖြင့် အမှုရင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent