၂၀၁၈ အတွင်း ဟာဇက်ကို ဖျက်ထုတ်၍ အဝါကတ်ပြခံရသူ (၁၁)ဦးအထိရှိလာ

၂၀၁၈ အတွင်း ဟာဇက်ကို ဖျက်ထုတ်၍ အဝါကတ်ပြခံရသူ (၁၁)ဦးအထိရှိလာ
Published 21 October 2018

 

၂၀၁၈ ခုနှစ်အတွင်း ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်ကို ပြစ်ဒဏ်ဘောကျူးလွန်၍ အဝါကတ်ပြခံရသည့် ကစားသမားအရေအတွက်မှာ (၁၁)ဦးအထိ ရှိလာကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

စနေနေ့က ကစားခဲ့သော ချယ်လ်ဆီး (၂-၂) မန်ယူပွဲစဉ်တွင် မန်ယူကွင်းလယ်လူ မာတစ်မှာ ပွဲချိန် (၁၃)မိနစ်တွင်လည်းကောင်း၊ အက်ရှ်လေယန်းမှာ (၂၇)မိနစ်တွင်လည်းကောင်း ဟာဇက်ကိုပြစ်ဒဏ်ဘောကျူးလွန်၍ အဝါကတ်များ အသီးသီးပြခံခဲ့ရသည်။

၎င်းတို့နှစ်ဦးမှာ ၂၀၁၈ ခုနှစ်အတွင်း ဟာဇက်ကို ပြစ်ဒဏ်ဘောကျူးလွန်၍ အဝါကတ်ပြခံရသည့် (၁၀)ဦး မြောက်နှင့် (၁၁)ဦးမြောက်ကစားသမားများ ဖြစ်လာကြကြောင်း သိရှိရသည်။ ယခုနှစ်အတွင်း ဟာဇက်အား ပြစ် ဒဏ်ဘောကျူးလွန်၍ အဝါကတ်ပြခံရသူများမှာ ကွန်ဂိုလို (ဟတ်ဒါဖီးလ်)၊ မူစတာဖီ(အာဆင်နယ်)၊ ရစ်ချီ၊ ဖာဘီယန်ရှား(နယူးကာဆယ်)၊ ဂေါ့စလင်း၊ လာမာ(ဘုန်းမောက်)၊ မာနေ(လီဗာပူးလ်)၊ ဆီဒရစ်၊ ရိုမီအူ(ဆောက်သမ်တန်)တို့ ဖြစ်ကြသည်။

Most Read

Most Recent