ဆော်ဒီအိမ်ရှေ့မင်းသားမိသားစုက မန်ယူကို ဝယ်ယူရန် ဂလေဇာမိသားစုနှင့် ဆွေးနွေးတော့မည်ဟု သတင်းထွက်

ဆော်ဒီအိမ်ရှေ့မင်းသားမိသားစုက မန်ယူကို ဝယ်ယူရန် ဂလေဇာမိသားစုနှင့် ဆွေးနွေးတော့မည်ဟု သတင်းထွက်
Published 16 October 2018

မိသားစုတစ်စုလုံး၏ ချမ်းသာကြွယ်ဝမှုစုစုပေါင်းမှာ ပေါင် (၈၅၀)ဘီလီယံအထိရှိနေသည့် ဆော်ဒီတော်ဝင် မိသားစု၏ အိမ်ရှေ့မင်းသားဖြစ်သူ မိုဟာမက်ဘင်ဆဲလ် မန်းသည် မန်ယူအသင်းကို လွှဲပြောင်းဝယ်ယူရန်အတွက် လာမည့်တစ်ပတ်အတွင်း မန်ယူအသင်းပိုင်ရှင်မိသားစု ဖြစ်သည့် ဂလေဇာညီအစ်ကိုများနှင့် တွေ့ဆုံဆွေးနွေး တော့မည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

မိုဟာမက်ဘင်ဆဲလ်မန်းသည် ဆော်ဒီအာရေဗျ နိုင်ငံ၏ ဒုဝန်ကြီးချုပ်ဖြစ်ပြီး လက်ရှိဆော်ဒီဘုရင် ဆဲလ် မန်း၏ သားလည်းဖြစ်သည်။

သူသည် အသက် (၃၃)နှစ် အရွယ်သာရှိသေးပြီး ဘောလုံးအားကစားကို ၀ါသနာပါသူ ဖြစ်ကာ ဒေသတွင်းပြိုင်ဘက်များဖြစ်သည့် မန်စီးတီးအ သင်းပိုင်ရှင် အဘူဒါဘီစီးပွားရေးလုပ်ငန်းစုနှင့် အပြိုင် ဘောလုံးကွင်းတွင်း ယှဉ် ပြိုင်မှုများကိုပါ မန်ယူအသင်းကို ဝယ်ယူပြီး လုပ်ဆောင်လိုခြင်းဖြစ်ကြောင်းလည်း သတင်း များက ဖော်ပြလျက်ရှိသည ်။

၎င်းသည် မန်ယူအသင်းကို သူတစ်ဦးတည်း အမည်ဖြင့် ဝယ်ယူမည်ဖြစ်သော်လည်း မိသားစု စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ဆက်လက် ထားရှိမည်ဖြစ်ကာ မန်ယူအသင်း၏ လက်ရှိ တန်ကြေးဖြစ် သည့် ပေါင် (၃)ဘီလီယံကျော်ကို လက်ငင်းပေးချေကာ လွှဲပြောင်းဝယ်ယူသွားရန် စဉ်းစားလျက်ရှိပြီး၊ ဂလေဇာ မိသားစုအနေဖြင့် ရှယ်ယာအနည်းငယ်ကို ချန်ထားကာ ကလပ်အသင်း၏ ဘုတ်အဖွဲ့တွင် ဆက်လက်ပါဝင်နိုင်ရေး ကို ဆွေးနွေးသွားဖွယ်ရှိသည်ဟုလည်း ၎င်းတို့နှင့်နီးစပ်သူ များက ဆိုသည်။

ဘင်ဆဲလ်မန်းနှင့် ၎င်း၏ မိသားစုသည် လက်ရှိအ ချိန်တွင်း မိသားစုဂုဏ်သိက္ခာအတွက်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းအနေဖြင့် လည်းကောင်း အားကစားစီးပွား ရေးလောကအတွင်း ဝင်ရောက်သည့် ခြေလှမ်းများလည်း ရှိနေပြီး WWE နှင့် Formula 1 ကဲ့သို့ လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လျက်ရှိသည်။

သို့ရာတွင် အားကစားလောကနှင့် ပတ်သက်သည့် နာမည်ပျက်လည်း ရှိ ခဲ့ဖူးပြီး ကာတာအခြေစိုက် နာမည်ကြီး ရုပ်သံလိုင်းဖြစ် သည့် BeIN ကို ဆော်ဒီနိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ရာတွင် ဘင်ဆဲလ်မန်းက အဓိကကြိုးကိုင်ထားသူဆိုသည့် စွပ်စွဲ မှုများလည်းရှိခဲ့သည်။

Most Read

Most Recent