မြန်မာနှင့် ခြေစမ်းပွဲတွင် အကောင်းဆုံးလူစာရင်းဖြင့် ယှဉ်ပြိုင်မည်ဟု ဘိုလစ်ဗီးယားအသင်းနည်းပြ အတည်ပြု

မြန်မာနှင့် ခြေစမ်းပွဲတွင် အကောင်းဆုံးလူစာရင်းဖြင့် ယှဉ်ပြိုင်မည်ဟု ဘိုလစ်ဗီးယားအသင်းနည်းပြ အတည်ပြု
Published 13 October 2018

ဘိုလစ်ဗီးယားလက်ရွေးစင်အသင်း နည်းပြချုပ် ဆီဇာဖာရက်စ်က ယနေ့ ယှဉ်ပြိုင် ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲတွင် အကောင်းဆုံးလူစာရင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြုပြော ကြားသည်။

 မြန်မာအသင်းနှင့် ဘိုလစ်ဗီးယားအသင်း ခြေစမ်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကို အောက်တိုဘာ ၁၂ ရက်က Novotel ဟိုတယ်၌ ကျင်းပရာ နှစ်ဖက်အသင်းနည်းပြ ချုပ်များနှင့် ကစားသမားများ တက်ရောက် ခဲ့သည်။

ဆီဇာဖာရက်စ်က ''မြန်မာအသင်း ရဲ့ ခြေစွမ်းနဲ့ ကစားပုံတွေကို သေချာလေ့လာ ထားပါတယ်။ ဒီနှစ်ထဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲအား လုံးကို ကြည့်ရှုလေ့လာထားပြီး ပြီးခဲ့တဲ့ရက် က ကစားခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ခြေစမ်းပွဲကို လည်း လေ့လာခဲ့ပါတယ်။ မြန်မာအသင်းရဲ့ ခြေစွမ်းက အသင်းလိုက်ကစားပုံကောင်းမွန် ပြီး နည်းစနစ်ပိုင်းကျွမ်းကျင်ပါတယ်။ ကျွန် တော်တို့ယှဉ်ပြိုင်နေတဲ့ ပြိုင်ဘက်အသင်း တွေရဲ့ကစားပုံနဲ့ မတူတာကြောင့် အတွေ့ အကြုံသစ်တွေရရှိမှာပါ။ အခုလာရောက်တဲ့ အာရှခရီးစဉ်အတွက် ကစားသမားကောင်း တွေ ခေါ်ဆောင်လာပါတယ်။ တောင်အမေ ရိကမှာ ဘောလုံးသမားကောင်းတွေအများ ကြီးထွက်ပေါ်ပြီး ကျွန်တော်တို့ဆီမှာလည်း အလားအလာရှိတဲ့ ကစားသမားကောင်းတွေ ရှိပါတယ်။ ပြည်တွင်းလိဂ်မှာ ခြေစွမ်းပြနေ တဲ့ ကစားသမားကောင်းတွေကို ခေါ်ဆောင် လာပါတယ်။ ကျွန်တော်တို့က အိမ်ကွင်းမှာ ကစားရရင် ပြိုင်ဘက်အသင်းတွေထက် အားသာပြီး အိမ်ကွင်းအားသာချက်အများ ကြီးရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရာသီဥတု အနေအထားကို ပြိုင်ဘက်ကစားသမားတွေ အသားမကျဘဲ အခက်တွေ့လေ့ရှိပါတယ်။ ဒါပေမဲ့ အဝေးကွင်းဆိုရင် ရုန်းကန်ရလေ့ရှိ တဲ့ ရလဒ်ဆိုးတွေကို ချေဖျက်နိုင်အောင် ကြိုး စားမှာပါ။ ကျွန်တော်တို့အတွက် အခုခြေစမ်း ခရီးစဉ်က ခရီးဝေးကွာလွန်းပေမဲ့ အများကြီး အကျိုးရှိမှာပါ။ မြန်မာနဲ့ အီရန်အသင်းက ခြေ စွမ်းကောင်းမွန်တဲ့အသင်းတွေဖြစ်ပြီး ကျွန် တော့်ကစားသမားတွေနဲ့ အသင်းရဲ့ခြေစွမ်း ကို ပိုတိုးတက်အောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာအသင်းဟာ လက်ရှိ ဂျာမန်လူမျိုးနည်းပြ အန်တွမ်နီဟေးလက် ထက်မှာ တိုးတက်မှုရှိလာတယ်ဆိုတာ သူတို့ ရဲ့ကစားပုံကိုကြည့်ရင် သိနိုင်ပါတယ်။ မြန်မာ အသင်းက ကျွန်တော်တို့ထက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့်နိမ့်ပေမဲ့ အရန် ကစားသမားတွေနဲ့ ယှဉ်ပြိုင်မှာမဟုတ်ပါဘူး။ အတောင့်တင်းဆုံး၊ အကောင်းဆုံးလူစာရင်း နဲ့ ပွဲထွက်မှာပါ။ မာဆယ်လိုမော်ရီနို၊ ကားလို့စ် (ဂိုး)၊ ကမ်ပို၊ ကာဒိုဇို စတဲ့ကစားသမားတွေကို အသုံးပြုမှာပါ''ဟု ပြောကြားသည်။

ဘိုလစ်ဗီးယားလက်ရွေးစင်အသင်း သည် ညနေပိုင်းတွင် ရန်ကုန်မြို့၏ အထင် ကရဖြစ်သော ရွှေတိဂုံစေတီတော်သို့ သွား ရောက်လေ့လာခဲ့ပြီး ညပိုင်းတွင် သုဝဏ္ဏကွင်း ၌ လေ့ကျင့်မှုပြုလုပ်ခဲ့သည်။

ဘိုလစ်ဗီးယား လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက် ရှိခဲ့ပြီး ခြေစမ်းပွဲမတိုင်မီ သုံးရက်ကြိုတင်ပြင် ဆင်ခဲ့သည်။

ဘိုလစ်ဗီးယားအသင်းတွင် ကစားသမား ၂၅ ဦး လိုက်ပါလာသည်။