ဂျာနယ်လစ်များကို ဖမ်းဆီးထောင်ချခြင်းသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည်ဟု အခိုင်အမာပြောကြားသည့် မြန်မာနိုင်ငံအတွက် လက်သင့်ခံစရာ မကောင်းကြောင်းနှင့် ယင်းလုပ်ရပ်များသည် တရားဥပဒေစိုးမိုးရေးနှင့် မီဒီယာလွတ်လပ်ခွင့်အတွက် ဝေးကွာသွားစေကြောင်း - - -

ဂျာနယ်လစ်များကို ဖမ်းဆီးထောင်ချခြင်းသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည်ဟု အခိုင်အမာပြောကြားသည့် မြန်မာနိုင်ငံအတွက် လက်သင့်ခံစရာ မကောင်းကြောင်းနှင့် ယင်းလုပ်ရပ်များသည် တရားဥပဒေစိုးမိုးရေးနှင့် မီဒီယာလွတ်လပ်ခွင့်အတွက် ဝေးကွာသွားစေကြောင်း - - -
Published 12 October 2018

 ဂျာနယ်လစ်များကို ဖမ်းဆီးထောင်ချခြင်းသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည်ဟု အခိုင်အမာပြောကြားသည့် မြန်မာနိုင်ငံအတွက် လက်သင့်ခံစရာ မကောင်းကြောင်းနှင့် ယင်းလုပ်ရပ်များသည် တရားဥပဒေစိုးမိုးရေးနှင့် မီဒီယာလွတ်လပ်ခွင့်အတွက် ဝေးကွာသွားစေကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ထုတ်ပြန်

ဂျာနယ်လစ်များကို ဖမ်းဆီးထောင်ချခြင်းသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည် ဟု အခိုင်အမာပြောကြားသည့် မြန်မာနိုင်ငံအတွက် လက်သင့်ခံစရာမကောင်းကြောင်း နှင့် ယင်းလုပ်ရပ်များသည် တရားဥပဒေစိုးမိုးရေးနှင့် မီဒီယာလွတ်လပ်ခွင့်အတွက် ဝေးကွာသွားစေကြောင်း နယ်စည်းမခြားသတင်း ထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက Weekly Eleven အယ်ဒီတာချုပ် အပါအဝင် သုံးဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ဖမ်းဆီးမှုအပြီးတွင် RSF က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သတင်းထောက်သုံးဦးအား ချက်ချင်းလွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ဂျာနယ်လစ်များအား ၎င်းတို့၏အလုပ် တာဝန်များ လုပ်ဆောင်မှုနှင့်ဆက်နွှယ်၍  ထောင်ချခြင်းသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သော မြန်မာနိုင်ငံတွင် လက်သင့်ခံ စရာမကောင်းကြောင်း၊ ယခုကဲ့သို့ စွက်ဖက်သည့်လုပ်ရပ်သည် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုနှင့် မီဒီယာလွတ်လပ်ခွင့်အတွက် လေးစားမှုမှ နောက်ထပ်ခြေလှမ်းတစ်ရပ် ဝေးကွာသွားခြင်းဖြစ်ကြောင်း RSF ၏ အာရှ-ပစိဖိတ်ဗျူရို၏ ခေါင်းဆောင် Daniel Bastard က ပြောကြားခဲ့သည်။

ယခုနှစ်စကတည်းက မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပြင်းပြင်းထန် ထန်ချိုးဖောက်မှုများကြောင့် ကမ္ဘာ့စာနယ် ဇင်းလွတ်လပ်ခွင့်အညွှန်းကိန်းတွင် မြန်မာသည် အဆင့်လျော့ကျနိုင်သည်ဟု နယ်စည်း မခြားသတင်းထောက်များအဖွဲ့(RSF) က အောက်တိုဘာအစောပိုင်းတွင် သတိပေးချက် ထုတ်ပြန်ထားခဲ့သည်။

ဧပြီလက ထုတ်ပြန်သော ၂၀၁၈ အညွှန်းကိန်းတွင် မြန်မာသည် ယခင်တစ်နှစ်ကထက် အဆင့်ခြောက်ဆင့် လျော့ကျခဲ့ပြီး နိုင်ငံ ၁၈၀ တွင် အဆင့် ၁၃၇ ရရှိခဲ့သည်။ လာမည့်နှစ်တွင် မြန်မာ၏အဆင့် သတ်မှတ်ချက်သည် ပို၍ လျော့ကျသွားနိုင်ကြောင်း (RSF) က ဆိုသည်။

Most Read

Most Recent