ကမ္ဘာ့ရွှေဈေး ၁၃၁၄ ဒေါ်လာ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၅၀၀၀၀ အောက်သို့ ပြန်လည် ရောက်ရှိ

ကမ္ဘာ့ရွှေဈေး ၁၃၁၄ ဒေါ်လာ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၅၀၀၀၀ အောက်သို့ ပြန်လည် ရောက်ရှိ
Published 19 September 2017

စက်တင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၃၁၄ ဒေါ်လာဝန်းကျင်အထိ ပြန်ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၅၀၀၀၀ အောက်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှ စတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင် ဈေးနှုန်းများအဖြစ် သြဂုတ် ၁၁ ရက်တွင် ကျပ် ၉၁၄၂၀၀၊ သြဂုတ် ၁၂ ရက်တွင် ၉၁၅၄၀၀၊ သြဂုတ် ၁၇ ရက်တွင် ၉၁၆၆၀၀၊ သြဂုတ် ၁၈ ရက်တွင် ကျပ် ၉၁၉၈၀၀၊ သြဂုတ် ၂၃ ရက်တွင် ကျပ် ၉၂၁၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ကျပ် ၉၁၃၃၀၀၊ သြဂုတ် ၂၆ ရက် တွင် ကျပ် ၉၂၄၃၀၀၊ သြဂုတ် ၂၇ ရက်တွင် ကျပ် ၉၂၄၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၂၉၅၀၀၊ သြဂုတ် ၂၉ ရက်တွင် ကျပ် ၉၄၅၈၀၀၊ စက်တင်ဘာ ၄ ရက် ကျပ် ၉၄၇၅၀၀၊ စက်တင် ဘာ ၆ ရက်တွင် ကျပ် ၉၄၉၇၀၀၊ စက်တင် ဘာ ၈ ရက်တွင် ကျပ် ၉၅၃၀၀၀၊ စက်တင်ဘာ ၁၀ ရက်တွင် ကျပ် ၉၅၃၁၀၀၊ စက်တင်ဘာ ၁၃ ရက် တွင် ကျပ် ၉၅၄၂၀၀၊ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၃၀၀ အထိ မြင့်တက်ခဲ့သည်။

ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ကျပ် ၉၅၀၀၀၀ အထက် ရှိခဲ့သော်လည်း စက်တင်ဘာ ၁၈ ရက်တွင် ကျပ် ၉၄၉၂၀၀ အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လများက ရွှေဈေးကို ပြန်ကြည့်ပါက ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်)၊ မေလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၈၉၁၂၀၀ (မေ ၅ ရက်)၊ အမြင့်ဆုံးနှုန်းကျပ် ၉၁၁၀၀၀ (မေ ၁၈ ရက်)၊ ဇွန်လအတွင်း ပြည်တွင်း ရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၀၆၀၀ (ဇွန် ၃၀ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၁၃၄၀၀ (ဇွန် ၇ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၈၈၉၃၀၀ (ဇူလိုင် ၄ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၀၇၁၀၀ (ဇူလိုင် ၂၉ ရက်) တို့ဖြစ်သည်။ သြဂုတ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၅၂၀၀ (သြဂုတ် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၅၈၀၀ (သြ ဂုတ်၂၉ ရက်) တို့ ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့် မှ ဒေါ်လာ ၈၀ ခန့်အထိ ကွာခြားလျက် ရှိသည်။ ပြီးခဲ့သည့် ဇွန်လအတွင်း အမြင့်ဆုံးနှုန်းနှင့် အနိမ့်ဆုံးနှုန်း ကွာဟချက်သည် ဒေါ်လာ ၅၀ ကျော် ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းမှာ ၁၂၆၈ ဒေါ်လာဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၂၀၅ ဒေါ်လာဖြစ်ခြင်းကြောင့် ၆၃ ဒေါ်လာ ဝန်းကျင် ကွာဟခဲ့သည်။ သြဂုတ်လအတွင်းတွင်လည်း အနိမ့်ဆုံးနှုန်းမှာ ၁၂၅၈ ဒေါ်လာဖြစ်ပြီး အမြင့်ဆုံးနှုန်းမှာ ၁၃၂၅ ဒေါ်လာ ဖြစ်ခြင်းကြောင့် ၆၇ ဒေါ်လာ အတက်အကျ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်တွင် ၁၂၉၂ ဒေါ်လာ ရှိသော ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၃၁ ရက်တွင် ၁၃၁၆ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် ၁၃၂၄ ဒေါ်လာ၊ စက်တင်ဘာ ၄ ရက်တွင် ၁၃၃၇ ဒေါ်လာ၊ စက်တင်ဘာ ၅ ရက်တွင် ၁၃၄၄ ဒေါ်လာအထိ ရောက်ခဲ့သည်။ စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင် ၁၃၃၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၇ ရက်တွင် ၁၃၄၉ ဒေါ်လာ၊ စက်တင်ဘာ ၈ ရက်တွင် ၁၃၅၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၁၁ ရက်တွင် ၁၃၃၁ ဒေါ်လာ၊ စက်တင်ဘာ ၁၂ ရက်တွင် ၁၃၂၄ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၃ ရက်တွင် ၁၃၃၃ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁၄ ရက် တွင် ၁၃၂၄ ဒေါ်လာ၊ စက်တင်ဘာ ၁၅ ရက်တွင် ၁၃၂၀ ဒေါ်လာ၊ စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ပိုင်းတွင် ၁၃၁၄ ဒေါ်လာအထိ ဆက်တိုက် ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်။ စည်သူအောင်

Most Read

Most Recent