အန္တရာယ်ရှိစေသော အရာများပိုင်ဆိုင်မှုဖြင့် အေဂျက်စ်ပရိသတ် (၅၄)ဦးကို အီတလီအစိုးရ နှင်ထုတ်

အန္တရာယ်ရှိစေသော အရာများပိုင်ဆိုင်မှုဖြင့် အေဂျက်စ်ပရိသတ် (၅၄)ဦးကို အီတလီအစိုးရ နှင်ထုတ်
Photos : AFP
Photos : AFP
Published 16 April 2019

အီတလီအစိုးရသည် ယနေ့တွင်ကစားမည့် ဂျူဗင်တပ်စ်-အေဂျက်စ်ပွဲသို့ အားပေးရန်လာသည့် အေဂျက်စ်ပရိသတ်များထဲမှ ပရိသတ်(၅၄)ဦးကို အန္တရာယ်ရှိသော အရာများပိုင်ဆိုင်မှုဖြင့် ဖမ်းဆီးပြီး နိုင်ငံမှ ပြန်နှင်ထုတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အီတလီပြည်ထဲရေး၏ထုတ်ပြန်ချက်တွင် အဆိုပါအုပ်စုထံမှ လက်နက်များ၊ မီးခိုးဗုံးများ၊ ဗြောက်အိုးများ တွေ့ရှိခဲ့ရသည်ဟု ရေးသားထားသည်။

'' ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ်။ အီတလီကို ဒုက္ခပေးဖို့လာတဲ့သူ တစ်ဦးတစ်ယောက်ကိုမျှ ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး။ ရန်ပွဲတွေဖြစ်ရင် ကျွန်တော်တို့ကွင်းတွေ၊ မြို့တွေ အပိတ်ခံရမှာဖြစ်ပါတယ်''ဟု အီတလီပြည်ထဲရေးဝန်ကြီး ဆယ်လ်ဗီနီက ပြောကြားခဲ့သည်။

အမ်စတာဒမ်တွင်ကစားခဲ့သည့် ပထမအကျော့တွင်လည်း ဂျူဗင်တပ်စ်ပရိသတ်အများစုပါဝင်သည့် (၁၄၀)ဦးကျော်မှာ အန္တရာယ်ရှိသောလက်နက်များ ပိုင်ဆိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။