မာစတာစ်ချန်ပီယံ တိုက်ဂါးဝုဒ် ကမ္ဘာ့အဆင့်(၆)ဆင့်မြင့်တက်ပြီး နံပါတ်(၆)နေရာသို့တက်လှမ်းလာ

မာစတာစ်ချန်ပီယံ တိုက်ဂါးဝုဒ် ကမ္ဘာ့အဆင့်(၆)ဆင့်မြင့်တက်ပြီး နံပါတ်(၆)နေရာသို့တက်လှမ်းလာ
Photos : AFP
Photos : AFP
Published 16 April 2019

အမေရိကန်ဂေါ့ဖ်အကျော်အမော် တိုက်ဂါးဝုဒ်သည် မာစတာစ်ပြိုင်ပွဲတွင် (၅)ကြိမ်မြောက်ဗိုလ်စွဲပြီးနောက် ဧပြီလ(၁၅)ရက်က တရားဝင်ထုတ်ပြန်ခဲ့သည့် ဂေါ့ဖ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့်(၆)ဆင့်မြင့်တက်ပြီး ကမ္ဘာ့နံပါတ်(၆)

နေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၎င်းအနေဖြင့် ၂၀၁၄ခုနှစ်ကတည်းက ကမ္ဘာ့ထိပ်ဆုံး(၁၀)ဦးစာရင်းသို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ဂါးဝုဒ်အတွက် ၂၀၀၈ ယူအက်စ်အိုးပင်းပြိုင်ပွဲနောက်ပိုင်း ပထမဆုံးမေဂျာဖလား ဆွတ်ခူးခြင်းဖြစ်ပြီး ကစားသမားသက်တမ်းတစ်လျှောက် (၁၅)ခုမြောက်ဂရင်းစလင်းဖလားဖြစ်ခဲ့သည်။

၎င်းသည် ၂၀၁၇၊ နိုဝင်ဘာလက ကမ္ဘာ့အဆင့်ထိပ်ဆုံး(၁၀၀၀)ဦးပြင်ပသို့ ကျဆင်းခဲ့ဖူးကြောင်းလည်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုက်ဂါးဝုဒ်၏တစ်ကျော့ပြန်အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း သူ၏ Twitter တွင် ရေးသားခဲ့သည်။

ထို့ပြင် တိုက်ဂါးဝုဒ်ကို အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ဖြစ်သည့် ''PRESIDENTIAL MEDAL OF FREEDOM'' ဘွဲ့ ပေးအပ်သွားမည်ဟု အတည်ပြုကြေညာခဲ့သည်။