မန်စီးတီးအသင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်မည်ဟု နည်းပြ ဂွါဒီယိုလာ ကြုံးဝါး

မန်စီးတီးအသင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်မည်ဟု နည်းပြ ဂွါဒီယိုလာ ကြုံးဝါး
Photos : AFP
Photos : AFP
Published 16 April 2019

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက သူ၏အသင်းမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့တွင် စပါးကို ပြန်လည်အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည်ဟု ကြုံးဝါးခဲ့သည်။

ဂွါဒီယိုလာအနေဖြင့် ဧပြီလ(၁၇)ရက်တွင်ကစားမည့် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင် ပထမအကျော့(၀-၁)အရှုံးကို ချေဖျက်နိုင်မည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။ 

'' ဘာတွေဖြစ်လာမလဲ ကျွန်တော့်ကို မေးလာခဲ့ရင် အသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်ရောက်ပါလိမ့်မယ်။ အခုချိန်မှာ ကျွန်တော် အမှန်တကယ်လည်း အဲဒီလိုခံစားမိနေတာပါ။ ပထမအကျော့ပွဲအပြီး ပွဲကိုပြန်လည်သုံးသပ်ပြီးချိန်မှာ ဒီလိုယုံကြည်မှုမျိုး ဝင်လာတာဖြစ်ပါတယ်။ မှားကောင်းမှားနိုင်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့အသင်း ဆီမီးဖိုင်နယ်တက်ရောက်နိုင်မယ်လို့ ခံစားမိနေပါတယ်''ဟု ဂွါဒီယိုလာက Sky Sports သို့ ပြောကြားခဲ့သည်။

ကွာတားဖိုင်နယ် ပထမအကျော့မကစားမီ မန်စီးတီးအသင်းမှာ ချန်ပီယံရေပန်းစားမှုတွင် ထိပ်ဆုံး၌ရှိခဲ့သော်လည်း ယင်းပွဲအရှုံးကြောင့် နံပါတ်(၄)နေရာသို့ ကျဆင်းခဲ့ရသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီကလည်း ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးလ်ကိုအရေးနိမ့်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်များတွင် ပထမအကျော့ရှုံးနိမ့်သည့် (၃)ကြိမ်စလုံး ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရသည်။