ဘာစီလိုနာအသင်းသည် မန်ယူလူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း (၁၀၀)ဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့သည်။
(၂၁)နှစ်သာရှိသေးသူ ရပ်ရှ်ဖို့ဒ်သည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့်စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့မည်ဖြစ်သည်။
မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်ကို စာချုပ်သက်တမ်းတိုးသွားရန် ပြင်ဆင်နေပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိသည်။
သတင်းများတွင်ဖော်ပြချက်အရ မန်ယူအနေဖြင့် ရပ်ရှ်ဖို့ဒ်ကို စာချုပ်သစ်တွင် တစ်ပတ်လစာ ပေါင်(၃)သိန်း ပေးချေသွားဖွယ်ရှိနေသည်။
ဘာစီလိုနာအသင်းမှာ ရပ်ရှ်ဖို့ဒ်အတွက် ငွေကြေးသက်သက်အပြင် ကော်တင်ဟိုနှင့် အလိုက်ပေးကမ်လှမ်းမှုမျိုးလည်း ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။