လေ့ကျင့်ရေးကွင်းတွင် ရန်ဖြစ်ခဲ့သည့် လီဝန်ဒေါစကီးနှင့် ကိုးမန်းတို့ကို အရေးယူမည်မဟုတ်ဟု ကိုဗက် ပြောကြား

လေ့ကျင့်ရေးကွင်းတွင် ရန်ဖြစ်ခဲ့သည့် လီဝန်ဒေါစကီးနှင့် ကိုးမန်းတို့ကို အရေးယူမည်မဟုတ်ဟု ကိုဗက် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 14 April 2019

ကိုဗက်က လီဝန်ဒေါစကီးနှင့် ကိုးမန်းတို့သည် ၎င်းတို့၏အပြုအမူများအတွက် တောင်းပန်ခဲ့ကြပြီး အဆိုပါပြဿနာမှာ ဖြေရှင်းပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နီကိုကိုဗက်က  လေ့ကျင့်ရေးကွင်းတွင် ရန်ဖြစ်ခဲ့ကြသည့် လီဝန်ဒေါစကီးနှင့် ကိုးမန်းတို့ကို အရေးယူမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် တောင်ပံကစားသမား ကိုးမန်းတို့သည် ဧပြီလ (၁၁) ရက်နေ့က ပြုလုပ်ခဲ့သည့် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် စကားများပြီး တစ်ဦးနှင့် တစ်ဦး ကိုယ်ထိလက်ရောက်ထိုးကြိတ်ခဲ့ကြကြောင်း သိရသည်။

၎င်းတို့နှစ်ဦး၏ ရန်ပွဲကို အသင်းဖော်များက ဝင်ရောက်ဖျန်ဖြေခဲ့ရပြီး နည်းပြ ကိုဗက်က ကစားသမားနှစ်ဦးကို ခေါ်ကာ စကားပြောခဲ့ကြောင်း သိရသည်။

ကိုဗက်က လီဝန်ဒေါစကီးနှင့် ကိုးမန်းတို့သည် ၎င်းတို့၏အပြုအမူများအတွက် တောင်းပန်ခဲ့ကြပြီး အဆိုပါပြဿနာမှာ ဖြေရှင်းပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ကိုဗက်က "လီဝန်ဒေါစကီး၊ ကိုးမန်းတို့နဲ့ ကျွန်တော် စကားပြောပြီးပါပြီ။ ကစားသမားတွေက သူတို့ရဲ့အပြုအမူအတွက် တောင်းပန်ကြပါတယ်။ ပြဿနာက ဖြေရှင်းပြီး ပြေလည်မှုရသွားဖြစ်လို့ သူတို့ကို ဒဏ်ရိုက်တာမျိုး လုပ်မှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် ဒေါ့မွန်အသင်းနှင့်အပြိုင်ဖြစ်နေချိန်၌ ယခုကဲ့သို့ အသင်းကစားသမားများပြဿနာပေါ်ပေါက်ခဲ့ခြင်းမှာ အသင်းအပေါ် များစွာထိခိုက်နိုင်သည်ဟု ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြသည်။