ဂရီးဇ်မန်းဆက်ရှိနေရန် ရာခိုင်နှုန်း ၃၀၀၀ သေချာဟု စီရီဇို အတည်ပြု

ဂရီးဇ်မန်းဆက်ရှိနေရန် ရာခိုင်နှုန်း ၃၀၀၀ သေချာဟု စီရီဇို အတည်ပြု
Photos : AFP
Photos : AFP
Published 8 April 2019

အက်သလက်တီကိုအသင်းဥက္ကဋ္ဌ အန်ရီကေးစီရီဇိုက လာမည့်ရာသီတွင် တိုက်စစ်မှူး ဂရီးဇ်မန်းဆက်ရှိနေရန် ရာခိုင်နှုန်း ၃၀၀၀ သေချာကြောင်း အတည်ပြုပြောကြားသည်။

ပြင်သစ်လက်ရွေးစင် ဂရီးဇ်မန်းသည် ပြီးခဲ့သည့်နှစ်နွေရာသီကတည်းက ဘာစီလို နာအသင်းသို့ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ ပြီး အက်သလက်တီကိုအသင်း၏ မြင့်မားသည့်လစာနှုန်းထားဖြင့် ကမ်းလှမ်းမှုကြောင့် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဧပြီ ၆ ရက်က ဘာစီလိုနာနှင့် အက်သလက်တီကို အသင်းတို့ပွဲမတိုင်မီ ၎င်း၏အပြောင်းအရွှေ့သတင်းများ ပြန်လည်လှုပ်ခတ်လာပြီး စပိန်ရုပ်သံအစီအစဉ်တစ်ခုက ဂရီးဇ်မန်းသည် လာမည့်ရာသီတွင် နူးကမ့်သို့ပြောင်းရွှေ့ကစားခွင့်ရရန် စိတ်ဝင်စားနေကြောင်း ဖော်ပြရာ စီရီဇိုက ယင်းကဲ့သို့ တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။

''မနေ့ကအထိ အသင်းမှာ သူ ဆက်ရှိနေဖို့ ရာခိုင်နှုန်း ၂၀၀၀ သေချာပါ တယ်။ ဒီနေ့ (ဧပြီ ၆ ရက်) မှာတော့ ရာခိုင်နှုန်း ၃၀၀၀ အထိဖြစ်သွားပါပြီ။ ဒီအကြောင်းကို ဘယ်နှကြိမ်အထိ ပြောနေရဦးမှာလဲ။ ခင်ဗျားလိုချင်ရင် ကျွန်တော့်ဖုန်းနံပါတ်ပါ ယူထားလိုက်။ ပြီးသွားရင် ငါးမိနစ်တစ်ခါလောက် ဖုန်းဆက်ပြီး အခြေအနေဘယ်လိုရှိလဲဆိုတာ ကျွန်တော့်ကိုမေးပေါ့။ ဂရီးဇ်မန်းက အက် သလက်တီကိုကစားသမားပါ။ ဒါဆို အဆင်ပြေရဲ့လား''ဟု ၎င်းက ပြောကြားသည်။