ဥရောပထိပ်တန်းအသင်းများ၏ပစ်မှတ် ဆန်ချိုလာမည့်ရာသီဆက်ရှိနေမည်ဟု ဒေါ့မွန် အတည်ပြု

ဥရောပထိပ်တန်းအသင်းများ၏ပစ်မှတ် ဆန်ချိုလာမည့်ရာသီဆက်ရှိနေမည်ဟု ဒေါ့မွန် အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 7 April 2019

ဒေါ့မွန်အသင်းအမှုဆောင်ချုပ် ဟန်းစ်ယိုအာကင်ဗက်စ်ကယ် က အင်္ဂလန်လူငယ်ကြယ်ပွင့် ဆန်ချို အနေဖြင့် လာမည့်ရာသီတွင် ဒေါ့မွန် ၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက် ၁၉ နှစ်သာရှိသေးသည့် တောင်ပံကစားသမား ဆန်ချို သည် ယခုရာသီတွင် ဒေါ့မွန်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ရှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိပြုလုပ်ထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင် တစ်ဂိုးသွင်းယူထားသည်။

 

၎င်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲယှဉ်ပြိုင်နေသည့် အင်္ဂလန်လက်ရွေးစင်အသင်း တွင်လည်း ပါဝင်နေပြီး ချက်အသင်း နှင့်ပွဲ၌ ပွဲထွက်ခွင့်ကစားရသလို ဂိုးဖန်တီးမှုလည်း တစ်ကြိမ်ပြုလုပ်ပေး နိုင်ခဲ့သည်။ သို့ဖြစ်ရာ ၎င်းအား မန်ယူအပါအဝင် ဥရောပထိပ်တန်း အသင်းများက ခေါ်ယူရန် ပစ်မှတ်ထားနေသဖြင့် ဟန်းစ်ယိုအာကင်ဗက်ဇ်ကယ်က Eurosports သတင်းဌာနနှင့်တွေ့ဆုံစဉ် အပြောင်းအရွှေ့သတင်းများအား ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

" ကျွန်တော်တို့ သူ့ကိုရောင်းချမှာ မဟုတ်ပါဘူး။ လာမယ့်ရာသီ ဒေါ့မွန်အသင်းမှာ ဂျေဒန်ဆက်ကစားဖို့အတွက် ဒီကိစ္စပါဝင်သူအားလုံးနဲ့ ပြတ်ပြတ်သားသားဆွေးနွေးပြီးပါပြီ။ သူ့ရဲ့တိုးတက်မှုနှုန်းက လက်ဖျား ခါလောက်အောင် ကောင်းမွန်ပါတယ်။ ဒီလိုအသက်အရွယ်မျိုးမှာ သူ့ရဲ့စွမ်းဆောင်ရည်က မျှော်လင့်မထားလောက်အောင်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူ့ကို အရမ်းရှေ့တန်းမတင်မိစေဖို့တော့ ဂရုစိုက်ရပါမယ်။ ဒီကောင်လေးရဲ့ အသက်က ၁၉ နှစ်ပဲရှိပါသေးတယ်။ သူ့အနေနဲ့ မီလီမီတာပမာဏလောက်တောင် အာရုံစူးစိုက်မှုလျော့သွားလို့ မဖြစ်ပါဘူး" ဟု ၎င်းက ဆိုသည်။

ဆန်ချိုသည် မန်စီးတီးအသင်း ၏ လူငယ်အကယ်ဒမီမှထွက်ပေါ်လာသူဖြစ်ပြီး ပုံမှန်ပွဲကစားခွင့်ရရန်အတွက် ၂၀၁၇ ခုနှစ် နွေရာသီ အပြောင်းအရွှေ့တွင် ပေါင်ရှစ်သန်းဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်သည်။

Most Read

Most Recent