ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းသည် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲနှင့် Sky Ocean Rescue တို့ ဆောင်ရွက်နေသည့် အစီအစဉ်တွင် ပူးပေါင်းပါဝင်ခြင်းဖြစ်ပြီး ဧပြီ (၈) ရက်တွင် ကစားမည့် ဝက်စ်ဟမ်းအသင်းနှင့်ပွဲ၌ စတင်ဆောင်ရွက်မည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပွဲစတင်မီနှင့် ပထမပိုင်းအပြီးတွင် ပရိသတ်များအတွက် သောက်စရာများ ရောင်းချရာတွင် ယခင်အသုံးပြုနေကျ တစ်ခါသုံး ပလတ်စတစ်ခွက်အစား ပြန်လည်အသုံးပြုနိုင်မည့်ခွက်များ ပြောင်းလဲ အသုံးပြုမည်ဖြစ်သည်။
ယင်းခွက်များအား ဘားများသို့ ပြန်လည်ယူဆောင်သွားခြင်း (သို့မဟုတ်) ကွင်းအတွင်းရှိ သတ်မှတ်နေရာ (၅၄) ခု တွင်သာ စွန့်ပစ်ပေးရန်နှင့် အထွေ ထွေအမှိုက်ပုံးအတွင်း စွန့်ပစ်ခြင်း မပြုရန် တိုက်တွန်းထားကြောင်း သိရသည်။
ပလတ်စတစ်သုံးစွဲချမှု လျှော့ချရေးအစီအစဉ်တွင် အာဆင်နယ်၊ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း စသည့် လန်ဒန်ကလပ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။