အီတလီစီးရီးအေ ပွဲစဉ်(၃၁)ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေ ပွဲစဉ်(၃၁)ပွဲကြိုသုံးသပ်ချက်
Photo: milan adictos
Photo: milan adictos
Published 6 April 2019

ပါးမား  - တိုရီနို (စနေည ရး၃၀ နာရီ)

ပါးမားက အိမ်ကွင်းမှာ နာကျင်စရာအမှတ်လျော့မှုတွေ ရင်ဆိုင်နေရပြီး တိုရီနိုက အဝေးကွင်းမှာ ပိုကောင်းတတ်တဲ့အ သင်းဖြစ်နေတယ်။ နောက်ဆုံး (၆)ပွဲမှာ (၅)ပွဲအထိ အနည်းဆုံး (၂)ဂိုးပေးထားရတဲ့ ပါးမား အမှတ်လျော့ဦးမယ်ထင်တယ်။

ဂျူဗင်တပ်စ် - အေစီမီလန် (စနေည ၁ဝး၃၀ နာရီ)

နိုင်ပွဲပျောက်ဆုံးမှုတွေကြား အရောင်မှိန်နေတဲ့ အေစီမီလန်ကို အကျပ်အတည်းကာလဆီ ထပ်ပို့ဦးမယ့် စိန်ခေါ်သံပါပဲ။   ဂျူဗင်တပ်စ်က စီရော်နယ်လ်ဒို ဒဏ်ရာရရှိနေချိန်မှာ အထားအသိုမပျက်သွားဘဲ လူငယ်တိုက်စစ်မှူး မွိုက်စ်ကိန်းရဲ့ သွင်းဂိုးတွေ နဲ့အတူ အောင်ပွဲတွေယူ၊ ချီတက်နေပါတယ်။ ခံစစ်က နောက်ဆုံး(၅)ပွဲမှာ (၂)ဂိုးသာပေးထားရလို့လည်း အေစီမီလန်တိုက်စစ် ဂိုးရဖို့ ရုန်းကန်ရပါဦးမယ်။ ဒါ့အပြင် အေစီမီလန်ကွင်းလယ်အခင်းအကျင်းမှာ အရေးပါသူ ပါကေတာနဲ့ ကက်ဆီးတို့က ဒဏ်ရာ ကြောင့် မပါဝင်နိုင်ဘူးဆိုပြီး သတင်းတွေထွက်ပေါ်နေလို့ ဒီပွဲမှာ နည်းပြဂတ်တူဆိုနဲ့ အေစီမီလန်ရဲ့ ဆန့်ကျင်ဘက်အရပ်မှာ နေ ရဦးမယ်ထင်ပါတယ်။ ဒီရာသီ အိမ်ကွင်း (၁၅)ပွဲမှာ (၁၃)ပွဲနိုင်ထားပြီး ရှုံးပွဲမရှိသေးတဲ့ ဂျူဗင်တပ်စ်အသင်း အမှတ်မလိုသလို၊ အေဂျက်စ်နဲ့ ချန်ပီယံလိဂ်ပွဲကျပ်ရှိနေပေမယ့် နိုင်ပွဲဆက်ပါလိမ့်မယ်။

ဆမ်ဒိုးရီးယား - ရိုးမား  (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

နည်းပြ ရာနီရေးရီရဲ့ ရိုးမားနည်းပြဘဝ တစ်ကျော့ပြန်ခရီး အစဟာ ကံမကောင်းပါဘူး။ ပွဲကျပ်တွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရ ပြီး အခုကစားရမယ့် ဆမ်ဒိုးရီးယားကလည်း ရာနီရေးရီကို သိက္ခာ ကျအောင် ထပ်လုပ်ပြနိုင်စွမ်းရှိပါတယ်။ အိမ်ကွင်းနောက်ပိုင်း ပွဲစဉ်တွေမှာ ဆမ်ဒိုးရီးယား မတည်ငြိမ်ပေမယ့် သွင်းဂိုးတွေ ဆာ လောင်နေသူ ကွာဂလီရယ်လာက ရိုးမားဘက်ကို ဂိုးသွင်းယူပါလိမ့်မယ်။ ဆမ်ဒိုးရီးယား အနိုင်ရဖို့များတယ်။



 

Most Read

Most Recent