FA ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

FA ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Published 6 April 2019

မန်စီးတီး - ဘရိုက်တန် (စနေနေ့ည ၁၁း၃၀ နာရီ)

မန်စီးတီးအသင်း မနှစ်က FA ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ကြိုးစားခဲ့ပေမယ့် မထင်မှတ်ဘဲ ဝီဂန်ကိုရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ အစဉ်အလာရှိတယ်။ ဒါကြောင့် ဒီရာသီ FA ဖလားပွဲတွေမှာ သတိကြီးကြီးထားပြီးကစားနေတာ တွေ့ရတယ်။ အ ဖွင့်(၂)ပွဲမှာ ရော့သာဟမ်နဲ့ ဘန်လေတို့ကို နှစ်သင်းပေါင်း (၁၂-၀)ဂိုးနဲ့အနိုင်ယူခဲ့ပြီး နယူးပို့တ်ကိုလည်း အဝေးကွင်းမှာ ဂိုးပြတ် နိုင်ခဲ့တယ်။ ဒါပေမဲ့ ကွာတားဖိုင်နယ်တုန်းကတော့ ဆွမ်ဆီးကို အဝေးကွင်းမှာ ကျော်ဖြတ်ဖို့အတွက် အသည်းအသန်ကြိုးစား ခဲ့ရပြီး (၂)ဂိုး ရှုံးနေပြီးမှ မိနစ် (၇၀)ကနေ (၉၀)အတွင်း (၃)ဂိုးပြန်သွင်းနိုင်ခဲ့တယ်။ ဆွမ်ဆီးနဲ့ပွဲမှာ အသည်းအသန်ကစားခဲ့ရ ခြင်းက ကောင်းကွက်အနေနဲ့ကြည့်ရင် မန်စီးတီး ဘယ်အသင်းကိုမှ ပေါ့ဆလို့မရဘူးဆိုတာ သတိပေးလိုက်သလိုပဲ။ ဘရိုက် တန်ဆိုတဲ့ ပြိုင်ဘက်အသင်းရဲ့အင်အား၊ နာမည်ထက် ကစားရမယ့် အဆင့်က ဆီမီးဖိုင်နယ်ဖြစ်နေတာကို ပိုသတိပြုရလိမ့်မယ်။ ဒီနှစ်သင်းကြားက ခြေစွမ်း၊ လူအင်အားပိုင်းတွေက ကွာပြီးသားပါ။ မန်စီးတီးအတွက်စိုးရိမ်စရာက မထင်မှတ်တာတွေ ဖြစ်မလာ ဖို့နဲ့ ပုံမှန်ခြေစွမ်းရဖို့အတွက်သာဖြစ်တယ်။ တစ်ကျော့တည်းအပြီးကစားမယ့်ပွဲဖြစ်လို့ မပေါ့ဆဖို့လည်းလိုတယ်။ မန်စီးတီး နိုင်မယ်။ ဂိုးစောစောရရင် ဂိုးပြတ်သွင်းမယ်။ (၂-၀၊ ၃-၀)လောက်ဖြစ်နိုင်တယ်။ 

ယနေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ်(၁)ပွဲသာ ရှိပါသည်။

Most Read

Most Recent