လီဗာပူးလ်အသင်းသမိုင်းတွင် ပရီးမီးယားလိဂ်ဂိုး (၅၀) အမြန်ဆုံးပြည့်မြောက်သည့် ဆာလာကို ကလော့ပ် ချီးကျူး

လီဗာပူးလ်အသင်းသမိုင်းတွင် ပရီးမီးယားလိဂ်ဂိုး (၅၀) အမြန်ဆုံးပြည့်မြောက်သည့် ဆာလာကို ကလော့ပ် ချီးကျူး
Photos: AFP
Photos: AFP
Published 6 April 2019

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်း၏ပရီးမီးယားလိဂ်သမိုင်းတွင် ပရီးမီးယားလိဂ်ဂိုး(၅၀) အမြန်ဆုံးပြည့်မြောက်သည့်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ဆာလာကို ပွဲအပြီးတွင် ချီးကျူးခဲ့ကြောင်း သိရသည်။

'' ဆာလာဟာ ကျွန်တော့်အသင်းမှာ အရေးအပါဆုံးကစားသမားဆိုတာ ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး။ လီဗာပူးလ်အသင်းအတွက် ဂိုး(၅၀)ပြည့်မြောက်ခဲ့ပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ ကိန်းဂဏန်းတစ်ခုပါပဲ။ သူဟာ အသင်းရဲ့အဓိကအကျဆုံးသူလည်းဖြစ်ပါတယ်'' ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။

ယင်းပွဲတွင် တစ်ဂိုးစီသရေကျနေချိန်၌ ဆာလာက ပွဲချိန်(၈၀)မိနစ်တွင် အသင်းအတွက် အရေးပါသော ဒုတိယဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာသည် ပရီးမီးယားလိဂ်(၆၉)ပွဲတွင် ဂိုး (၅၀)မြောက်သွင်းယူနိုင်ခဲ့ပြီး အလန်ရှီးယား (ဘလက်ဘန်း- ၆၆ပွဲ)၊ နစ္စတယ်ရွိုင်း(မန်ယူ- ၆၈ပွဲ)နောက် ပွဲအနည်းဆုံးကစားပြီး ဂိုး(၅၀)ပြည့်သွင်းယူနိုင်သည့် တတိယမြောက်ကစားသမား ဖြစ်လာခဲ့သည်။

ထို့အပြင် ဆာလာဟာ လီဗာပူးလ်အသင်းသမိုင်းတွင် ပွဲအနည်းဆုံးကစားပြီး ပရီးမီးယားလိဂ်သွင်းဂိုး(၅၀)ပြည့်သူအဖြစ် တောရက်စ် (၇၂ပွဲ)၊ ဆွာရက်ဇ် (၈၆ပွဲ)နှင့် ဖောင်လာ (၈၈ပွဲ)တို့ကို ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့သည်။

Most Read

Most Recent