ပရီးမီးယားလိဂ်ပွဲစဉ်(၃၃) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၃၃) ပွဲကြိုသုံးသပ်ချက်
Photo : wikimedia
Photo : wikimedia
Published 6 April 2019

ဘုန်းမောက် - ဘန်လေ (စနေနေ့ည ၈း၃၀ နာရီ)

ဘုန်းမောက်အတွက် သိပ်အရေးမကြီးပေမယ့် ဘန်လေအတွက်ကတော့ နိုင်ပွဲတွေ၊ ရမှတ်တွေက အရမ်းအရေးကြီးနေတယ်။ အမှတ်မလိုတဲ့အသင်းတွေမှာ တချို့ကနိုင်ပွဲ တွေယူနေပြီး တချို့ကလွယ်လွယ်ကူကူရှုံးနေကြတယ်ဆိုတာက ဒီအသင်းတွေရဲ့ စရိုက် လက္ခဏာနဲ့ဆိုင်တယ်။ ဘန်လေက နိုင်ပွဲတွေ ဆာလောင်နေပေမယ့် ဘုန်းမောက်က အ ရမ်းအားထည့်တဲ့အသင်းမျိုးမဟုတ်ဘူး။ ဘန်လေ သရေလောက်ကစားနိုင်ပါတယ်။ 

ဟတ်ဒါဖီးလ် - လက်စတာ (စနေနေ့ည ၈း၃၀ နာရီ)

ဟတ်ဒါဖီးလ်က တန်းဆင်းသွားခဲ့ပြီ။ မျှော်လင့်ချက်လုံးဝမရှိတော့တဲ့အသင်းဖြစ်ပြီး ပရိသတ်ကျေနပ်အောင်ကစားပြဖို့လိုတယ်။ (၄)ပွဲဆက် ရှုံးပွဲတွေ့နေတာကို ရပ်တန့်နိုင်ဖို့ ကြိုးစားရလိမ့်မယ်။ ဒါပေမဲ့ ဘရန်ဒန်ရော်ဂျာလက်ထက် လက်စတာအသင်းရဲ့ရလဒ်ပိုင်း တိုးတက်မှုက  အံ့သြစရာပါ။ ဗာဒီကိုတည်ပြီး တည်ဆောက်မယ်လို့ ပြောခဲ့သလို ဗာဒီက လည်း ဂိုးတွေမြူးနေတာတွေ့ရတယ်။ လက်စတာပဲ နိုင်ပွဲရမယ်။ 

နယူးကာဆယ် - ခရစ္စတယ်ပဲလေ့စ် (စနေနေ့ည ၈း၃၀ နာရီ)

အဆင့်တူ၊ ခြေစွမ်းတူ၊ လူအင်အားမကွာကြဘဲ ရပ်တည်မှုပါ မကွာကြတဲ့အသင်းတွေ ပါ။ နှစ်သင်းစလုံးက မှန်းရခက်တယ်။ မထင်မှတ်ဘဲ ရလဒ်ကောင်းတတ်သလို၊ ရလဒ်ဆိုး တတ်ကြတယ်။ နှစ်သင်းစလုံးက အမှတ်အသည်းအသန် မလိုအပ်ကြတဲ့အသင်းတွေလို့ လည်း ပြောလို့ရတယ်။ နယူးကာဆယ်အိမ်ကွင်းဖြစ်ပေမယ့် ပဲလေ့စ်ကိုနို်င်ဖို့မလွယ်သလို၊ ပဲလေ့စ်ကလည်း နိုင်ပွဲရလောက်တဲ့အနေအထားမရှိဘူး။ သရေပွဲပါပဲ။ 

 

Most Read

Most Recent