FA ဖလားလက်မှတ် ၅၅၀ ကို ကျောင်းဟောင်းမှ ကလေးများအတွက် စတာလင် လက်ဆောင်ပေ

FA ဖလားလက်မှတ် ၅၅၀ ကို ကျောင်းဟောင်းမှ ကလေးများအတွက် စတာလင် လက်ဆောင်ပေ
Photo : Getty Images
Photo : Getty Images
Published 6 April 2019

မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်သည် ငယ်စဉ်ကတက်ရောက်ခဲ့ဖူး သည့် စာသင်ကျောင်းမှ ကလေးငယ်များ အတွက် FA ဖလား ဆီမီးဖိုင်နယ်ပွဲလက်မှတ် ၅၅၀ လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။

စတာလင်သည် အသက်ငါးနှစ်အရွယ် တွင် ဂျမေကာမှ အင်္ဂလန်သို့ပြောင်းရွှေ့လာ ပြီးနောက် ဝင်ဘလေကွင်းအနီးရှိ Raphael အဆောက်အအုံ၌ နေထိုင်၍ လန်ဒန်မြို့ရှိ Copland Community School တွင် တက်ရောက်ခဲ့ဖူးကြောင်း သိရသည်။ 

Copland Community School စာသင်ကျောင်းကို ၂၀၁၄ ခုနှစ်တွင် Ark Elvin Academy ဟု အမည်ပြောင်းခဲ့ပြီး ယင်းကျောင်းမှ ကလေးငယ် ၁၀ ဦးသည် ဧပြီ ၄ ရက်က မန်စီးတီးအသင်း၏ Academy Campus သို့ သွား ရောက်လည်ပတ်၍ စတာလင်နှင့်တွေ့ဆုံခွင့်ရခဲ့သည်။ 

ယင်းသို့တွေ့ဆုံစဉ် စတာလင်က ကျောင်းဟောင်းမှ ကလေးငယ်များအတွက် ဧပြီ ၆ ရက် (ယနေ့) ယှဉ်ပြိုင်ကစားမည့် FA ဖလား ဆီမီးဖိုင်နယ်လက်မှတ် ၅၅၀ ကို လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဝင်ဘလေကွင်းသို့ အကြိုအပို့လုပ်ပေးရန်လည်း စီစဉ်ထားကြောင်း သိရသည်။ 

စတာလင်သည် ယခင်ကလည်း ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်က ၇၂ ဦးသေဆုံးခဲ့သည့် Greenfell Tower မီးလောင်မှုဖြစ်စဉ် အတွက် ငွေလှူဒါန်းခဲ့ဖူးကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ဘရိုက်တန် အသင်းနှင့်ကစားရမည့် FA ဖလား ဆီမီးဖိုင်နယ်ပွဲအတွက် လက်မှတ်ခွဲတမ်း ၃၃,၀၀၀ ရရှိသော်လည်း အကုန်ရောင်းချနိုင်ခြင်းမရှိသဖြင့် စျေးနှုန်းမြင့်မားသည့်လက်မှတ် ၂၀၀၀ ကို ပြန်လည်ပေးအပ်ခဲ့သည်။

Most Read

Most Recent