ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရမည်ဟု မိုက်ကယ်ဇော့ ယုံကြည်

ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရမည်ဟု မိုက်ကယ်ဇော့ ယုံကြည်
Photo: Getty Images
Photo: Getty Images
Published 5 April 2019

ဘွန်ဒစ်လီဂါပွဲစဉ် (၂၇) အပြီးတွင် ဒေါ့မွန်အသင်းက ရမှတ် (၆၃) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး ဘိုင်ယန်မြူးနစ်အသင်း (၆၁ မှတ်)က (၂) မှတ်အကွာဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။

ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ မိုက်ကယ်ဇော့က မိမိတို့အသင်းသည် ဘိုင်ယန်မြူးနစ်ကို အနိုင်ရမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ဘွန်ဒစ်လီဂါပွဲစဉ် (၂၇) အပြီးတွင် ဒေါ့မွန်အသင်းက ရမှတ် (၆၃) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး ဘိုင်ယန်မြူးနစ်အသင်း (၆၁ မှတ်)က (၂) မှတ်အကွာဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။

ဘိုင်ယန်မြူးနစ်နှင့် ဒေါ့မွန်အသင်းတို့သည် ဘွန်ဒစ်လီဂါပွဲစဉ် (၂၈) အဖြစ် ဧပြီလ (၆) ရက် (စနေနေ့ မြန်မာစံတော်ချိန် ည ၁၁:၀၀ နာရီ) တွင် ဘိုင်ယန်မြူးနစ်အသင်း၏ အိမ်ကွင်း အလိုင်းယန့်အရီနာ၌ ကစားမည်ဖြစ်သည်။

ဒေါ့မွန်အသင်းသည် အိမ်ကွင်းတွင် ကစားခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ မိုက်ကယ်ဇော့က အဝေးကွင်းတွင်လည်း မိမိတို့အနေဖြင့် ယင်းကဲ့သို့ထပ်မံလုပ်ပြနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။

မိုက်ကယ်ဇော့က "ဒီရာသီ ဘွန်ဒစ်လီဂါ ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ကျွန်တော်တို့ အနိုင်ကစားနိုင်ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၁ ခုနှစ်ကစပြီး ဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာ ဂျာမန်ဖလားတွေပွဲတွေအပါအဝင် (၅) ကြိမ်အထိ ကျွန်တော်တို့ အနိုင်ရခဲ့ဖူးပါတယ်။ ဒီနေ့ခေတ်ကစားသမားတွေကတော့ အရင်ကရလဒ်တွေ၊ အစဉ်အလာတွေကို ဂရုမစိုက်ကြတော့ပါဘူး။ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ကစားဖို့ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံတဲ့ စွမ်းဆောင်မှုမျိုးရှိဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရမယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖာကမူ ဘွန်ဒစ်လီဂါပြိုင်ပွဲ ပြီးဆုံးရန် (၇) ပွဲသာ လိုတော့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းနှင့်ပွဲမှ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမည်မဟုတ်ကြောင်းနှင့် ချန်ပီယံဆုအတွက် ရာသီကုန်အထိ တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent