ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 5 April 2019

ဆောက်သမ်တန် နှင့် လီဗာပူးလ် (စနေနံနက် ၁:၃၀ နာရီ)

လီဗာပူးလ်က နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆)ပွဲမှာ (၅)ပွဲနိုင်ပြီး (၁)ပွဲသရေကျခဲ့တဲ့ စွမ်းဆောင်ရည်က ချီးကျူးစရာကောင်းပါတယ်။ ဒီရလဒ်တွေမတိုင်ခင်တုန်းက (၄)ပွဲမှာ (၃)ပွဲသရေကျခဲ့တာနဲ့ယှဉ်ရင် အများကြီးတိုးတက်လာခဲ့တယ်လို့လည်း ပြောလို့ရတယ်။ လီဗာပူးလ်ရဲ့ အမှတ်ပေးချန်ပီယံအိပ်မက်အတွက် လက်ကျန် (၆)ပွဲကိုကြည့်ရင် အသင်းကြီးတွေထဲက ချယ်လ်ဆီးတစ်သင်းပဲ ကစားဖို့ကျန်ပြီး ဒီပွဲကလည်း အိမ်ကွင်းမှာ ကစားရမှာပါ။ ဒီပွဲပြီးရင် ကစားရမယ့်ပွဲလည်းဖြစ်တယ်။ အခု ဆောက်သမ်တန်နဲ့ပွဲမှာသာ အမှားမကျူးလွန်ခဲ့ဘူးဆိုရင် ချယ်လ်ဆီးနဲ့ ပွဲအတွက်လည်း ယုံကြည်မှုရှိနေမှာဖြစ်ပြီး ချယ်လ်ဆီးကို ထပ်ကျော်ဖြတ်နိုင်ရင် ကာဒစ်ဖ်၊ ဟတ်ဒါဖီးလ်တို့နဲ့ ကစားရမယ့် (၂)ပွဲက (၆)မှတ် ကြိုယူပြီးသားလို့တောင် ပြောလို့ရတယ်။ ဒါကြောင့် အရေးကြီးတဲ့ ပွဲစဉ်(၂)ပွဲဖြစ်တဲ့ ဆောက်သမ်တန်၊ ချယ်လ်ဆီးတို့နဲ့ ပွဲတွေမှာ အခု စကစားရမယ့် ဆောက်သမ်တန်နဲ့ ပွဲမှာ အမှားမလုပ်မိဖို့လိုတယ်။ ဆောက်သမ်တန်က တန်းဆင်းဇုန်တိုက်ပွဲအတွက် ရုန်းကန်နေရတယ်ဆိုပေမယ့် အရမ်းစိုးရိမ် စရာအခြေအနေတော့မဟုတ်ဘူး။ အမှားခံလို့ရတဲ့အနေအထားဖြစ်တယ်။ တစ်ဖက်ကကြည့်ရင် ဖိအားနည်းနည်းနဲ့ ရုန်းကန်မှာဖြစ်ပြီး လီဗာပူးလ်အတွက် စိုးရိမ်စရာပါ။ မထင်မှတ်ဘဲ သရေကျသွားနိုင်ပြီး လီဗာပူးလ်နိုင်ရင်လည်း ဂိုးမပြတ်ဘူး။ 

မိန့်ဇ် နှင့် ဖရိုင်းဘတ် (စနေနံနက် ၁:၀၀ နာရီ)

မိန့်ဇ်အသင်းက ရှုံးပွဲဆက်နေပြီး တန်းဆင်းဇုန်နဲ့လည်း အမှတ်ကွာဟနေလို့ ဖိအားသိပ်မရှိပါဘူး။ ခြေစွမ်းပိုကောင်းတဲ့ ဖရိုင်းဘတ် အမှတ်ရဖို့ရှိတယ်။

ဘော်ဒိုး နှင့် မာဆေးလ် (စနေနံနက် ၁:၁၅ နာရီ)

ပေါ့လျော့မှုကြောင့် မာဆေးလ် အဆင့်(၅)နေရာကို ဆင်းပေးလိုက်ရပါပြီ။ ဘော်ဒိုးက အိမ်ကွင်းမှာ မာကျောပြီး ထိန်းထိန်းသိမ်းသိမ်းကစားတတ်လို့ မာဆေးလ် အနိုင်ရဖို့မလွယ်ဘူး။

Most Read

Most Recent