အိန္ဒိယက ပဲတင်သွင်းခွင့်ပြုသည့်သတင်းကြောင့် ပြည်တွင်းစျေးကွက်၌ ရက်ပိုင်းအတွင်း ပဲစျေးဆက်တိုက်မြင့်တက်

အိန္ဒိယက ပဲတင်သွင်းခွင့်ပြုသည့်သတင်းကြောင့် ပြည်တွင်းစျေးကွက်၌ ရက်ပိုင်းအတွင်း ပဲစျေးဆက်တိုက်မြင့်တက်
Published 4 April 2019

အိန္ဒိယက ပဲတင်သွင်းခွင့်ပြုသည့်သတင်းကြောင့် ပြည်တွင်းစျေးကွက်၌ ရက်ပိုင်းအတွင်း ပဲစျေးဆက်တိုက်မြင့်တက်နေပြီး မတ်ပဲတစ်တန်လျှင် ကျပ်ခုနစ်သိန်းခွဲဝန်း ကျင်အထိ စျေးရှိလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှရရှိသော စာရင်းများအရ ဧပြီ ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၄၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၈၅၀၀၀ စျေးရှိခဲ့သည်။ ဧပြီ ၃ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၅၄၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၉၄၀၀၀ အထိ စျေးတက်လာပြီး ဧပြီ ၄ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၅၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၉၅၀၀၀ စျေးရှိခဲ့သည်။

အိန္ဒိယနိုင်ငံက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပဲမျိုးစုံ တန်ချိန်ငါးသိန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံက မတ်ပဲတန်ချိန်တစ်သိန်းခွဲ တင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

ပြီးခဲ့သည့် မတ် ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၅၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၇၅၀၀၀၊ ဖေဖော်ဝါရီ ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၅၇၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၂၀၀၀၀ စျေးရှိခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဲစျေးများမှာ ဇန်နဝါရီ ၉ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၂၂၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၈၅၀၀၀ အထိ စျေးရှိခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၁၈၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၄၈၀၀၀ အထိ ပဲစျေးကျဆင်းခဲ့သည်။ မတ် ၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၉၄၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၃၄၀၀၀ အထိ စျေးအသီးသီး ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent