အဝါကတ်(၁၀)ကတ်ပြည့်၍ လုခ်ရှော (၂)ပွဲပယ်ခံရမည်

အဝါကတ်(၁၀)ကတ်ပြည့်၍ လုခ်ရှော (၂)ပွဲပယ်ခံရမည်
Photos: Getty Images
Photos: Getty Images
Published 3 April 2019

မန်ယူအသင်း၏ အင်္ဂလန်နောက်ခံလူ လုခ်ရှောသည် အဝါကတ်(၁၀) ကတ်ပြည့်မြောက်သွား၍ စည်းမျဉ်းများအတိုင်း ရှေ့လာမည့်ပွဲစဉ်(၂)ပွဲကို ပွဲ ပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရှိရသည်။

မနေ့က ကစားခဲ့သော ဝုလ်ဗ် (၂-၁) မန်ယူပွဲတွင် လုခ်ရှောမှာ ပွဲချိန်(၃၈)မိနစ်တွင် အဝါကတ်ပြခံရပြီး ယင်းအဝါကတ်မှာ ယခုရာသီတွင် သူ၏(၁၀)ကတ်မြောက်အဝါကတ် ဖြစ်ခဲ့သည်။

၎င်းအနေဖြင့် ယခု ဧပြီလ(၁၃)ရက်နေ့တွင် ကစားရန်ရှိသည့်  မန်ယူ - ဝက်စ်ဟမ်းပွဲ၊ ဧပြီ(၂၁)ရက်နေ့တွင် ကစားရန်ရှိသည့် အဲဗာတန် - မန်ယူပွဲစဉ်များတွင် ပါဝင်ကစားခွင့်မရဘဲ ပွဲပယ်ခံရမည်ဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent