လာမည့်နွေရာသီတွင် အပြောင်းအရွှေ့ကိစ္စများကိုအလျင်အမြန်ဆောင်ရွက်လိုကြောင်း ဆိုးလ်ရှား ပြောကြား

လာမည့်နွေရာသီတွင် အပြောင်းအရွှေ့ကိစ္စများကိုအလျင်အမြန်ဆောင်ရွက်လိုကြောင်း ဆိုးလ်ရှား ပြောကြား
Photo: Getty Images
Photo: Getty Images
Published 29 March 2019

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လာမည့်နွေရာသီတွင် အပြောင်းအရွှေ့ကိစ္စများကို အလျင်အမြန်ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လာမည့်နွေရာသီတွင် အပြောင်းအရွှေ့ကိစ္စများကို အလျင်အမြန်ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက မော်ရင်ဟို၏ နေရာတွင် ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည့် ဆိုးလ်ရှားကို မတ်လ (၂၈) ရက်နေ့က (၃) နှစ်စာချုပ်ဖြင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။

မန်ယူအသင်းသည် ဆိုးလ်ရှားလက်ထက်တွင် ပြိုင်ပွဲစုံ (၁၉) ပွဲ၌ (၁၄) ပွဲအထိ အနိုင်ရရှိထားကာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ တက်ရောက်ထားပြီး ဘာစီလိုနာအသင်းနှင့် တွေ့ဆုံနေသည်။

ဆိုးလ်ရှားက "ကျွန်တော်တို့ခေါ်မယ်ဆိုပြီး သတင်းထွက်နေတဲ့ ကစားသမားတွေကတော့ အများကြီးပါပဲ။ အသင်းကလည်း ကစားသမားတွေရဲ့အေးဂျင့်တွေနဲ့ တွေ့ဆုံနေတာတွေလည်း ရှိတယ်။ အချိန်တန်ရင် အသင်းက အကောင်းဆုံး ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ရာသီကြိုကာလမှာကတည်းက ကစားသမားသစ်တွေကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် နာပိုလီအသင်းနောက်ခံလူ ကူလီဘလီ၊ ဘာစီလိုနာအသင်းတွင် ပုံမှန်ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့် ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟို၊ ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်နှင့် စပါးအသင်းနောက်ခံလူ အယ်လ်ဒါဝီရယ်တို့ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ထို့ပြင် ဆိုးလ်ရှားက မန်ယူအသင်းတွင် လက်တွဲလုပ်ဆောင်နေသည့် နည်းပြအဖွဲ့ဝင်များဖြစ်သည့် မိုက်ဖီလန်၊ မိုက်ကယ်ကာရစ်နှင့် မက်ကန်နာတို့နှင့် ဆက်လက်လက်တွဲလိုကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent