ဂန္ထဝင်ကစားသမား ပလာတီနီ၏ ဂိုးသွင်းစံချိန်ကို ရိုက်ချိုးရန် ပြင်သစ်တိုက်စစ်မှူး ဂျရူး ပစ်မှတ်ထား

ဂန္ထဝင်ကစားသမား ပလာတီနီ၏ ဂိုးသွင်းစံချိန်ကို ရိုက်ချိုးရန် ပြင်သစ်တိုက်စစ်မှူး ဂျရူး ပစ်မှတ်ထား
Photos: AFP, Getty Images
Photos: AFP, Getty Images
Published 27 March 2019

 

ပြင်သစ်အသင်းတိုက်စစ်မှူး ဂျရူးသည် အသင်းသမိုင်းတွင် ဂန္ထဝင်တိုက်စစ်ကစားသမား ပလာတီနီ၏ဂိုးသွင်းစံချိန်ကို ရိုက်ချိုးရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

အသက် (၃၂) နှစ်အရွယ်ရှိ ဂျရူးသည် အိုက်စလန်အသင်း ကို (၄-၀) ဂိုးဖြင့် အနိုင်ရသည့် ယူရို-၂၀၂၀ ခြေစစ်ပွဲအပြီး တွင် ပြင်သစ်အသင်းတွင် သွင်းဂိုး (၃၅) ဂိုးအထိရှိလာခဲ့ပြီး ထရာဇီဂေးကိုကျော်ကာ အသင်းသမိုင်း၌ တတိယမြောက် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဂျရူးက " ပလာတီနီရဲ့ ဂိုးသွင်းစံချိန်ကိုရိုက်ချိုးနိုင်ဖို့က ကျွန်တော့်ရဲ့ မျှော်လင့်ချက်ပါ။ ကျွန်တော့်ရဲ့ ဦးစားပေးကာ အသင်းလိုက် အောင်ပွဲရရေးဖြစ်ပြီး တစ်ကိုယ်တော်မျှော်လင့်ချက်တွေလည်းရှိဖို့လိုပါတယ်" ဟု ပြောကြားခဲ့သည်။

ပြင်သစ်အသင်း တွင် အွန်နရီက (၅၁)ဂိုးဖြင့် ဂိုးသွင်းအများဆုံးဖြစ်ပြီး ပလာတီနီက (၄၁)ဂိုးဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

Most Read

Most Recent